Monday, March 7, 2016

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ခြောက်ဦး၏ သတင်းစာရှင်းလင်းပွဲကို ANP စုံစမ်းစစ်ဆေးမည်

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ခြောက်ဦး၏ သတင်းစာရှင်းလင်းပွဲကို ANP စုံစမ်းစစ်ဆေးမည် ------------------------------------------------ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ မတ်လ ၆ ရက်နေ့က ပြုလုပ် ခဲ့သော ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ခြောက်ဦး၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှု ပြုလုပ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ယင်းပါတီက ယနေ့(မတ်လ ၇ ရက်)ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။ ယင်းစုံစမ်းစစ်ဆေးမှုများမှ စစ်ဆေးတွေ့ရှိချက်များကို စစ်ဆေးရေးအဖွဲ့၏ သဘောထားမှတ်ချက်ဖြင့် မတ်လ ၁၂ ရက်တွင် အပြီးသတ်တင်ပြရမည်ဟု လည်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

No comments: