Monday, March 7, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့အစီအစဉ် ===================

၂၀၁၆ ခုနှစ်၊ မတ်လ၊ ၇ ရက် ----------------------------------- ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့အစီအစဉ် ============================================ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို အစီအစဉ် (၉)ခု ဖြင့် ကျင်းပမည်။ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်း၊ * ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော် က မှတ်တမ်းတင်ခြင်း- (က) ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Tadamori OSHIMA ထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊ (ခ) အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မိုဟာမက် လားဘီအိုးခီလီဖာ ထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပေးပို့လာသော သဝဏ်လွှာ၊ (ဂ) ဆလိုဗက်သမ္မတနိုင်ငံ၊ အမျိုးသားကောင်စီဥက္ကဋ္ဌ H.E. Mr. Peter Pellegrini ထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊ (ဃ) ပြင်သစ်နိုင်ငံ၊ အောက်လွှတ်တော်(National Assembly) ဥက္ကဋ္ဌ H.E. Mr. Claude BARTOLONE ထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊ (င) ပိုလန်သမ္မတနိုင်ငံ၊ အောက်လွှတ်တော်(Sejm) ဥက္ကဋ္ဌ H.E. Mr. Marek Kuchcinski ထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာ၊ * ပြည်သူ့လွှတ်တော် ကော်မတီအမည်ပြင်ဆင်ခြင်း၊ ကော်မတီအဖွဲ့ဝင်များ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း တို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ * ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြခြင်း * ကော်မတီများ ဖွဲ့စည်းရခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဥက္ကဋ္ဌက ဆွေးနွေးတင်ပြခြင်း * ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၄)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၅)ရက်မြောက်နေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာမည်။

No comments: