Monday, March 7, 2016

လက်ရှိ သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအား တစ်ခုတည်းသာ ထားရှိသွားမည်ဟု ဦးဝင်းထိန် ပြောဆို

လက်ရှိ သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအား တစ်ခုတည်းသာ ထားရှိသွားမည်ဟု ဦးဝင်းထိန် ပြောဆို Monday, March 7, 2016 လာမည့်အစိုးရလက်ထက် တွင် ဝန်ကြီးဌာန ၂၂ခုခန့်သာ ထားရှိတော့ မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုကော်မတီအဖွဲ့အတွင်းရေးမှူး ဦးဝင်း ထိန်က ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမည့် အစိုးရလက်ထက်တွင် လက်ရှိ ရှိနေသည့် သမ္မတရုံးဝန်ကြီးဌာနခြောက်ခု အား ဝန်ကြီးဌာနတစ်ခုတည်းသာ ထားရှိ မည်ဖြစ်ပြီး ကျန်ဝန်ကြီးဌာန ၃ဝကိုလည်း လုပ်ငန်းဆင်တူရာ စုပေါင်းကာဝန်ကြီးဌာန ၂ဝ ခန့်သာ ထားရှိတော့မည်ဖြစ်ကြောင်း သိ ရသည်။ ''တူရာတူရာတွေ ပေါင်းသွားမယ် ပေါ့။ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင် ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ရေကြောင်း ပို့ဆောင်ရေးအားလုံးကို တစ်ဖွဲ့တည်းလုပ် လို့ရတယ်။ ဒီလိုလုပ်နိုင်အောင်လဲ အရည် အချင်းရှိတဲ့သူတွေကိုရွေးပြီးပြီ။ ဝန်ကြီးဌာန က ၂၁၊ ၂၂ ခုလောက်ပဲရှိတော့မယ်။ ဝန်ကြီး ဌာန ၃၆ ခုရှိတော့မှာမဟုတ်ဘူး''ဟုဦးဝင်း ထိန်က ပြောသည်။ ယင်းသို့ ဝန်ကြီးဌာနများပေါင်း လိုက်ပါက ဝန်ထမ်းများပိုလာမည်ဖြစ်သော် လည်း ပိုလာသည့်ဝန်ထမ်းများကို နေရာချ ထားရန်အတွက်လည်း စဉ်းစားထားပြီးဖြစ် ကြောင်း ယင်းကဆက်လက်ပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီဝင် ၃ဝရာခိုင်နှုန်းမှ ၄ဝရာခိုင်နှုန်းလောက်သာ ပါဝင်မည်ဖြစ်ပြီး ပညာရှင်အများစုပါဝင်မည်ဖြစ်ကာ စာရင်း အတိအကျကိုမူ မတ် ၆ရက် တွင်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ မတ် ၄ ရက်နံနက်က နေပြည် တော်ရှိနှင်းဆီစံအိမ်တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်ကြသည့် ဒေါက်တာမျိုးအောင်၊ ဒေါက်တာဇော်မြင့် မောင်၊ ဦးဝင်းမြင့်၊ ဦးဝင်းထိန်တို့ တွေ့ဆုံဆွေး နွေးအပြီးတွင် ဦးဝင်းထိန်က ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအစိုးရအဖွဲ့သည် မတ် ၃၁ ရက်တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အ စိုးရအဖွဲ့သစ်အား လက်ရှိပြည်ထောင်စုလွှတ် တော်တွင် နေရာအများစုရရှိထားသည့် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းမည် ဖြစ်သည်။ Flower News Journal

No comments: