Friday, March 4, 2016

လွန်ခဲ့သော တစ်ပတ်က နမ့်ဆန်မှ လူနာတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်

လွန်ခဲ့သော တစ်ပတ်က နမ့်ဆန်မှ လူနာတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်
၄၂ နှစ် အရွယ်ရှိ လူနာအမျိုးသမီး ဟာ နေ့ စေ့လစေ့ ကိုယ်ဝန်သည်ဟု ထင်မှတ်မှားရလောက်အောင် ဝမ်းဗိုက်ပူနေတာကို တွေ့ ခဲ့ ရတယ် .......ရောဂါရာဇဝင်နှင့်ဆေးမှတ်တမ်းများကို စစ်ဆေးပြီးနောက် အခုထိကလေးမရဘူးသေးပဲ ဗိုက်ထဲမှာ အသားလုံးတည်တယ်ဆိုပီးတော့ သိရလို့  Transfer Case အနေနဲ့ ရောက်ရှိလာခဲ့တယ်
စမ်းသပ်စစ်ဆေးကြည့်ပီးတဲ့နောက်မှာ နဂိုတွေ့ ဖူးတဲ့ fibroid uterus ( multiple ) ကဲ့သို့ မတူဘူးလို့ထင်ရတယ် ........ ဝမ်းဗိုက်တစ်ပြင်လုံးပြည့်နေတဲ့ ဒီအလုံးဟာ မီးယပ်ပိုင်းဆိုင်ရာ သားအိမ်နဲ့ သားဥအိမ်က ဖြစ်တဲ့အလုံးလား? တစ်ခြားဝမ်းဗိုက်အတွင်းမှ ဖြစ်တဲ့အလုံးလား? ဆိုတာကို သိရအောင် ခွဲစိတ်ဆရာဝန်နှင့်ပြသတိုင်ပင် Ultrasound, CT scan တို့ နဲ့ ရိုက်ကြည့်အဖြေရှာခဲ့ကြသော်လည်း ဒီ fibroid အလုံးဟာ subserous uterine fibroid? ovarian fibroid? GIST? လို့ ပဲထင်ခဲ့ရတယ်.......
လူနာက သွေးတိုးရောဂါလည်းရှိနေတော့ သမားတော်ကြီး နဲ့ concept လုပ်ခဲ့ရသေးတယ်........
ဒီနေ့ တော့ မေ့ဆေးဆရာဝန်ကြီးများအဖွဲ့ ရဲ့ ကူညီဆောင်ရွက်ပေးမှု ခွဲစိတ်ဆရာဝန်များရဲ့  ဝိုင်းဝန်းကူညီမှု ကျွန်တော်တို့ သားဖွားမီးယပ် ဆရာဝန်များရဲ့  ကြိုးပမ်းမှု တို့ ကြောင့် 23 lb အလေးချိန်ရှိတဲ့ very huge subserous fibroid uterus with ? Fibroid degeneration or ? Sarcomatous changes အလုံးကြီးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်.........
အခုဆိုရင် အဲဒီအလုံးကြီးဟာ ရောဂါရှာဖွေ ဓာတ်ခွဲစမ်းသပ်ရန် ရောဂါဗေဒ ဌာနသို့ ပေးပို့ ပီးဖြစ်ပါတယ်.........
အခုဆိုရင်လူနာလည်း ကျန်းမာစွာ ရှိနေတဲ့အတွက် ဆေးရုံတပ်မှူးကြီှးှနှင့်တကွ Anaesthetists and OT team, Physician, Surgeons, OGs, Radiologist, Pathologists, medical officers, House officers and Nursing Staffs များအား အထူးပင်ကျေးဇူးတင်လျှက်...........
စုပေါင်းညီညွတ်စွာ လုပ်ဆောင်ခြင်းရဲ့  ရလဒ်ပါ.............
Physician - Dr. Aung Moe Myint
Surgeons - Dr. Thant Zin Aung and   Dr. Hlaing Min Htun
Anaesthetists - Dr. Aye Lwin Htwe, Dr. Kyaw Kyaw Htay, Dr. Soe Htet Hlan and teams
OGs - Dr. Tin Tun Oo, Dr. Sitt Yan Naing, Dr. Thi Han Kyaw and teams
Radiologists - Dr. Ye Myat Aung
Pathologist - Dr. Daw Tin Aye Win and teams

မူးရင်း https://m.facebook.com/story.php?story_fbid=1290810840948583&id=100000590385401

No comments: