Wednesday, March 2, 2016

တောင်ကြီးတွင် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွား နှစ်ဦးသေဆုံး ရှစ်ဦး ဒဏ်ရာရရှိ

တောင်ကြီးတွင် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွား နှစ်ဦးသေဆုံး ရှစ်ဦး ဒဏ်ရာရရှိ Wednesday, March 2, 2016 ၂၀၁၆ ခုနှစ် မတ်လ ၂ ရက်နေ့ ညနေ၂း၀၀ အချိန်ခန့်က တောင်ကြီး မြို့ ကျောင်းကြီး စုရပ်ကွက် နယ်မြေ ၁၂ အောင်မြေ လမ်းသွယ် ၂ တွင် တည်ရှိသော ခြံအတွင်း အုတ်တံတိုင်း ပြိုကျခဲ့ပြီး လူ၂ ဦးသေဆုံး ပြီး ၈ ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ ယင်းသို့ ပြိုကျပြီးနောက် အလုပ်သမား ၂ ဦး ဖြစ်ပွားရာနေရာ တွက် မြေ ပိသေ ဆုံးခဲ့ပြီး ကျန်ရှိ ၈ဦး ကို စ၀်စံထွန်းဆေး ရုံကြီး သို့ပို့ဆောင် ခဲ့ပြီး ၅ဦးမှာ အရေးပေါ်ကုသနေကြောင်းနှင့် ၃ ဦးမှာ အရိုးဆောင်တွင် ကုသမှုခံယူနေရကြောင်း တာဝန်ရှိသူ က ပြောသည်။ မြေပြိုပြီးနောက်တွင် အလောင်းအား ပြန်လည်ဖော်ထုတ်ရာတွင် တစ်ဦးအား ရပ်မိရပ်ဖနှင့် မြို့နယ်ရဲတပ်ဖွဲ့များက ၀ိုင်းဝန်းဖော် ထုတ်ခဲ့ပြီး ကျန်ရှိတစ်ဦးကို ညနေ၃း၀၀ အချိန်၌ မီးသတ်တပ်ဖွဲ့နှင့် အတူ ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။ အုတ်တံတိုင်းပြိုကျသည့်အချိန် တွင် " အုတ်တံတိုင်းရဲ့အပေါ် ဘက်မှာ ကျောက် သဲတွေ ပုံထားတယ်။ ပြီးတော့ရေကန်ရယ် အ၀ီစိတွင်း တူးထားတာတွေရှိပါတယ်။အဲ့အရှိန်တွေနဲ့မခံနိုင် ပဲ ပြိုကျခဲ့တာလို့ထင် ပါတယ်"ဟု ဒေသခံတစ်ဦးက ထင်မြင်သုံး သပ်ခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ က ရဲမှူးချုပ် အောင်အောင် ဦးဆောင် သည့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ကြည့်ရှုပြီး ဖြစ်စဉ် များ ကို ခြံပိုင် ရှင်အား မေးမြန်းခဲ့ပြီးနောက်တွင် ဥပဒေ လုပ်ထုံးလုပ်နည်းတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါကိစ္စများကို ရပ်မိရပ်ဖများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ၊ မီးသတ် တပ်ဖွဲ့ မှ မြို့နယ် ဦးစီးမှူး ဦးကျော်ကိုကိုနှင့် အဖွဲ့ဝင်များက ၀ိုင်းဝန်းကူညီဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ YH #Democracytoday

No comments: