Wednesday, March 2, 2016

တောင်ကိုရီးယားသို့ ငွေလွှဲဝန်ဆောင်မှုပေးအပ်ရန် ကမ္ဘောဇဘဏ်ပြင်ဆင်

တောင်ကိုရီးယားသို့ ငွေလွှဲဝန်ဆောင်မှုပေးအပ်ရန် ကမ္ဘောဇဘဏ်ပြင်ဆင် Wednesday, March 2, 2016 ကမ္ဘောဇဘဏ်သည် တောင် ကိုရီးယားအခြေစိုက် KEB Hana ဘဏ်နှင့် ငွေလွှဲဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရန် သဘော တူညီမှုရယူခဲ့ကြောင်း Nikkei သတင်းဌာနက ဖော်ပြသည်။ KEB Hana ဘဏ်ကို တောင် ကိုရီးယားအခြေစိုက် စီးပွားရေး လုပ်ငန်းစုတစ်ခုဖြစ်သော Hana Financial Group ကပိုင်ဆိုင်ထား ခြင်းဖြစ်ကာ ဘဏ်လုပ်ငန်းနှင့် ဆိုင်သည့် အတွေ့အကြုံကောင်း များ ပိုင်ဆိုင်ထားသည်။ KEB Hana ဘဏ်က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် အရှေ့ တောင်အာရှဒေသတွင် အကြီးဆုံး ဘဏ်များထဲ၌ပါဝင်သောကမ္ဘောဇ ဘဏ်နှင့် နှစ်ဖက်အကျိုးရှိစေမည့် ဝန်ဆောင်မှုများ ပူးပေါင်းဆောင် ရွက်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ကြောင့် အာရှဒေသ၏ထွန်းသစ်စ ဈေးကွက်ဟု သတ်မှတ်ထားသော မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစုရ ယူနိုင်မည့် အခွင့်အလမ်းပိုင်ဆိုင်ခဲ့ သည်ဟု ဖော်ပြသည်။ တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပလုပ်သား ၆၃ဝဝဝ ကျော် ရှိသည့်အနက် မြန်မာနိုင်ငံမှ လာ ရောက်သည့် လုပ်သားဦးရေမှာ ၂ဝဝဝဝ ကျော်ရှိနေခြင်းကြောင့် ကမ္ဘောဇဘဏ်နှင့် KEB Hana ဘဏ်တို့သည် ငွေလွှဲဝန်ဆောင်မှု များကို အကျိုးတူပူးပေါင်းဆောင် ရွက်ရန် သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ဖွယ်ရှိတယ်။တောင်ကိုရီးယား နှင့်မြန်မာနိုင်ငံခြားတွင်အပြန်အလှန် ငွေလွှဲပြောင်းနိုင်မည့် ဝန်ဆောင်မှု များကို အမြန်ဆုံးပေးအပ်သွားဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံခြားတွင်ကုန်သွယ်မှုနှင့် ဆိုင်သော ငွေကြေးဝန်ဆောင်မှုများ ကိုလည်း ပေးအပ်သွားရန် ရေးထိုး ထားသည့် နားလည်မှုစာချွန်လွှာထဲ ၌ သဘောတူညီချက်တစ်ရပ်အနေ ဖြင့် ထည့်သွင်းထားသည်။ The Union Daily

No comments: