Friday, November 6, 2015

အစ္စလာမ်သာသနာရေးရာကောင်စီ က NLD ကို မဲပေးရန်တိုက်တွန်း

အစ္စလာမ်သာသနာရေးရာကောင်စီ က NLD ကို မဲပေးရန်တိုက်တွန်း

============================================

အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ခုလာမယ့်ရွေးကောက်ပွဲ ဟာ တိုင်းပြည်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့အတွက်ကြောင့် မွတ်စ်လင်မ်တိုင်း မဲပေးဖို့ အရေး ကြီး ပြီး လူ့အခွင့်အရေးကိုရှေးရှုဆောင်ရွက်မယ့် လူနည်းစုတွေအပေါ်မှာ စာနာ ထောက်ထား တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မွတ်စ်လင်မ်တိုင်း မဲပေးဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ ပါတယ်။

ကိုယ်မြို့၊ ကိုယ့်ရွာ အတွက် ယုံကြည်ရတဲ့ စိတ်ချရတဲ့ အားကိုးထိုက်တဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့၊ အမျိုးဘာသာ သာသနာအတွက် အားကိုးထိုက်တဲ့ အမတ်လောင်းတွေကို ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲနဲ့ ရွေးချယ်ကြဖို့ တိုက်တွန်းခဲ့တဲ့မဘသအဖွဲ့ဝင် ဆရာတော်များကို ဘာသာရေးနဲ့ နိုင်ငံရေး ရောတယ်၊ မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ စွပ်စွဲပြောကြားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မွတ်စ်လင်မ်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေးပါလို့ အစ္စလာမ်သာသနာရေးရာကောင်စီက တိုက်တွန်းတာကိုတော့ ဘာမှ ဝေဖန်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒီချုပ်ရဲ့ ဥပဒေအကြံပေးနဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အစ္စလာမ် ဘာသာဝင် ဦးကိုနီက လည်း မွတ်စ်လင်မ်တိုင်း ဒီချုပ်ကို မဲပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

မဘသဆရာတော်တွေက အမျိုးဘာသာ သာသနာအတွက် အားကိုးထိုက်တဲ့ အမတ်လောင်းတွေကို ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲနဲ့ ရွေးချယ်ကြပါလို့ တိုက်တွန်းခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးဖို့ ပြောတာပါဆိုပြီး ဒီချုပ်ပါတီဝင်တွေနဲ့ ထောက်ခံသူတွေဟာ မဘသဆရာတော်များကို အွန်လိုင်းမှာ မိုက်မိုက်ရိုင်းရိုင်းဆဲဆိုခြင်း၊ မဘသအဖွဲ့ကို စော်ကားပုတ်ခတ်သိက္ခာချခြင်း၊ မဘသ ဆရာတော်များကို ဆွမ်းမလောင်းခြင်းများ ပြုလုပ်ခဲ့သလို မဘသသြဝါဒတရားခွေဖွင့်နေစဉ် အိမ်ပေါ် အထိတက်ပြီး စက်ထဲက ခွေကိုထုတ်ယူသွားခြင်းများ အထိ မိုက်ရိုင်းစွာ ပြုမူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ မဲတွေလျောမှာ စိုးလို့ လောလော ဆယ်မှာ ဘင်္ဂါလီတို့ အခွင့်အရေးအတွက် ဘာမှ ပြောပေးခြင်း မရှိပေမယ့် ရွေးကောက်ပွဲမှာ NLD သာ အနိုင်ရခဲ့ပါရင် မိမိတို့ရိုဟင်ဂျာများ အခွင့်အရေး ကိုဆောင်ရွက်ပေးမယ် လို့ အသေအချာ ယုံကြည် ကြောင်း၊ ဒေါ်စုသာ အာဏာရခဲ့ရင် မိမိတို့ ရိုဟင်ဂျာ များတိုင်းရင်းသားဖြစ်ခွင့်ရမည်ဟု ယုံကြည် ကြောင်း ဘင်္ဂါလီများက ပြောကြားခဲ့တယ်လို့ ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှာ ဖော်ပြခဲ့ သလို ဒေါ်စု သမ္မတ မဖြစ်နိုင်တဲ့အတွက် NLD က သမ္မတလောင်းအဖြစ်တင်မယ့်သူဟာ ဒေါ်စုရဲ့ မိသားစု ဆရာဝန်လည်းဖြစ်သလို NLD ကျန်းမာရေးကွန်ယက် ဥက္ကဌ နဲ့ မွတ်ဆလင်ကုသိုလ်ဖြစ် ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ တင်မျိုးဝင်းဖြစ်တယ်လို့ ဒီအပတ် ထုတ် ဧရာဝတီ ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

ရန်ကုန်မြို့ ဘားလမ်းမှာရှိတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံကို ၁၉၃၇ ဇန်နဝါရီလ ၅ ရက်မှာ ပရဟိတ မွတ်စ်လင်လူငယ်တစ်စု က အစ္စလာမ်ဘာသာဝင်များကို အခမဲ့ ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ရန် ရည်ရွယ်ချက်နဲ့ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျန်ဘာသာဝင်များကိုလည်း ကုသပေးကြောင်း၊ NLD ပါတီဝင်များ အားထားကြတဲ့ဆေးရုံလည်းဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများကို အမြဲတမ်းတာဝန်ယူကုသပေးတဲ့ ဆေးရုံလည်းဖြစ်ကြောင်း၊ ဘဏ္ဍာငွေတောင့်တင်းတဲ့ အတွက် အခမဲ့ဆေးကုသမှုအပြင် လိုအပ်တဲ့ဆေးဝါးနဲ့ အစားအသောက်များကိုပါ အခမဲ့ထောက်ပံ့ပေး ကြောင်းလည်း သိရပါတယ်။

https://www.youtube.com/embed/smTQwZjHm_Q



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: