တပ်နယ်တွေမှာ NLD အနိုင်မရတာနဲ့ ....
မဲခိုးတယ်ဆိုပြီး တစ်ဖက်သတ် မစွပ်စွဲပါနဲ့ ....။
သူတို့မဲတောင်မထည့်လိုက်ရဘူး ဆိုပြီးတော့လည်း မဖြီးပါနဲ့ ....။
သောင်းကျန်းသူတွေသေလို့၊ ၀မ်းနည်းကြောင်း သ၀ဏ်လွှာထုတ်ခဲ့တာလေး မှတ်မိပေးပါ၊
လောက်ကိုင်မှာ ကျဆုံးစစ်သည်တွေအတွက် သံချပ်ထိုးပြီး ကခုန်ခဲ့တာ မှတ်မိပေးပါ၊
ကျဆုံးစစ်သည်မိသားစုရဲ့ အိမ်ယာကို မုဆိုးမ အိမ်ယာလို့ သမုတ်ပေးခဲ့တာ မှတ်မိပေးပါ၊
ဒီအိမ်ယာကို ဆောက်ဖို့ စစ်သုံးစားရိတ်များလွန်းပါတယ်လို့ ကန့်ကွက်ခဲ့တာ မှတ်မိပေးပါ၊
ကျန်ရစ်ဇနီးသည်တွေကို မကောင်းတဲ့မိန်းမအဖြစ် သမုတ်ခဲ့တာတွေ မှတ်မိပေးပါ၊
တကယ်တော့ .....
ဒီကိစ္စရပ်တွေက တပ်မတော်သားတွေ လုပ်ခဲ့တာမဟုတ်ဘူး၊
ထုတ်ပြန်ချက်နဲ့ လှောင်ပြောင်သံတွေက ခင်ဗျားတို့ကဘဲ စတင်ခဲ့တာ၊
တပ်မိသားစုတွေမှာ ခံစားချက်ရှိတယ်၊ နာကြည်းတက်တယ်၊
သူတို့ကို မချစ်နိုင်လည်း ခွင့်လွှတ်နိုင်ပေမဲ့ လှောင်ပြောင်သံတွေနဲ့ စစ်ခွေးဆိုတဲ့ ကဲ့ရဲ့သံတွေက သူတို့ရင်ကို အမာရွတ်ကျန်စေတယ်။ သူတို့လည်း ဘယ်လိုမှ နှစ်မြို့ကြမှာမဟုတ်ပါဘူး။
ဒီတော့ နောင်လာမဲ့ ရွေးကောက်ပွဲတွေများမှာ တပ်မိသားစုဝင်တွေ ရဲ့ မဲတွေဟာ
ခင်ဗျားတို့ အတွက် ဖြစ်စေချင်တယ်ဆိုရင် ....
သူတို့ကို မစော်ကားပါနဲ့ ...။
မေတ္တာတရားပေးရင် ဘယ်သူမှတော့ အမုန်းတရားပြန်မပေးတက်ကြပါဘူး၊
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ ကလေးဘ၀ကတည်းက သိနိုင်မှာပါ။ ကောင်းသော သက်ရောက်ခြင်းတွေအတွက် ကောင်းသော တန်ပြန်မှုတွေ ရှိနေမှာပါပဲ ....။
ဝမ်းနည်း စရာကောင်းတာ တစ်ခုက ..
ခင်ဗျားတို့တွေ တပ်မိသားစုတွေအပေါ် သိပ်အတ္တကြီးနေကြတာလေ...
No comments:
Post a Comment