Monday, November 9, 2015

အမေရိကန် ကြေငြာချက် ထုတ်ပြန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက နိုင်ငံလုံး တခဲနက်

အမေရိကန် ကြေငြာချက် ထုတ်ပြန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက နိုင်ငံလုံး တခဲနက် မဲလာပေးကြခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တိုင်းပြည်ကို ဦးဆောင်မှုအာဏာ ပေးအပ်ခဲ့ခြင်းကြောင့် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်သူများ စွန့်လွှတ် အနစ်နာခံခဲ့ရမှု နှင့် သတ္တိကို ပြသခဲ့သည့် သက်သေအထောက်အထားပင် ဖြစ်သည်ဟု ဆိုသည်။
ယခုရွေးကောက်ပွဲသည် ပကတိ စင်းလုံးချောဟု မပြောဆိုနိုင်ခဲ့သော်လည်း အရေးပါသည့် ရှေ့ခြေလှမ်းတရပ် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြီး ပြောကြားရာတွင် ဒီမိုကရေစီ အပြည့်အ၀ နှင့် အရပ်သား အစိုးရ အကောင်အထည် ပေါ်လာရေးအတွက် အရေးကြီးသော ဖွဲ့စည်း တည်ဆောက်ပုံပိုင်းရော စနစ်တခုလုံးတွင်ပါ အဟန့်အတားများ ရှိနေဆဲဖြစ်ကြောင်း
မိမိတို့ အနေဖြင့် ဆက်လက်ပြီး မဲရေတွက်သည့် လုပ်ငန်းစဉ်များကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး သက်ဆိုင်သည့် အဖွဲ့အစညိးများ အနေနှင့်လည်း အဆိုပါ လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာပြီး ယုံကြည်မှု ရရှိနိုင်ရေး အာမခံရေး ကူညီဆောင်ရွက်ပေးကြပါရန် နှင့် တိုင်တန်းမှုများရှိပါကလည်း အလျင်အမြန် ပွင့်လင်းမြင်သွာစွာဖြင့် သင်လျော်သလို ဆုံးဖြတ်ပေးသွားရန် တိုက်တွန်းကြောင
မနေ့က ရွေးကောက်ပွဲသည် မြန်မာပြည်သူတရပ်လုံးအတွက် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးစည်ပင်ပြီး ဒီမိုကရေစီ ပိုမို ခံစားနိုင်ရန် အရေးပါသော ရှေ့ခြေလှမ်းတရပ်ဖြစ်ပေါ်လာစေရေး အလားအလာ များ ဖြစ်ကြောင်း၊
မြန်မာပြည်သူများ အတွက် ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အမျိုးသား ပြန်လည် သွေးစည်းရေး ဆက်လက် ဆောင်ရွက်သွားရန်အတွက် အမေရိကန် ပြည်ထောင်စုမှ ဆက်လက်ပြီး ထောက်ခံသွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
မဲပေးနိုင်ခွင့် ရှိသူ စုစုပေါင်းရဲ့ ၈၀% မဲပေးခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင်ကမူ တနလာင်္နေ့ နေလည်တွင် ရွေးကောက်ပွဲ ရလာဒ်ကို ကြေငြာသွားမည်ဟု သိရသည်။
ရည်ညွှန်၊ ၊ AFP
HSW

No comments: