Monday, November 9, 2015

NLD ဘာာကြောင့်ရွေးကောက်ပွဲနိုင်သလဲ

NLD ဘာာကြောင့်ရွေးကောက်ပွဲနိုင်သလဲ

ရွေးကောက်ပွဲရလာဒ် တရားဝင်မထုတ်ပြန်သေးပေမယ့် NLD ဟာ ကြံ့ခိုင်ရေးထက်နေရာအများစုနိုင်တယ်လို့ယူဆရပါတယ်။

နိုင်ရခြင်းအကြောင်းရင်းများမှာတော့

၁။ လက်ရှိ အစိုးရကို ဖယ်ရှားချင်မှု။

၂။ မီဒီယာတွေအကုန်လုံးက NLD ဘက်က ပင်းကြမှု။ NDF, NDP, NNDP လို ပါတီတွေကိုတောင် NLD ပြိုင်ဖက်ဖြစ်မှာစိုးတာကြောင့် ဖိနှိပ်ရေး သားတယ်။ ပုတ်ခတ်ရေးသားပြီး NLD အမွှမ်းတင်တယ်။ နောက်ဆုံး မဘသ တောင် NLD နှင့် သဘောထားမတူညီလို့ တိုက်ခိုက်ရေးသားတယ်။ ဒီအခါမှာ တတ်သိနားလည်သူများတောင်မှ စတုတ္ထမဏ္ဍိုင်ရဲ့ ရိုက်ခပ်ချက်ကြောင့် ထိုပါတီများကို လစ်လျူရှုလိုက်တယ်။ ဒါ့ကြောင့် ဒေါ်ညိုညိုသင်း၊ ဦးသိန်းညွန့်တို့ ရှုံးတယ်။ တကယ်တမ်းပြောရရင် ဒီနှစ်ယောက်က NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက်တောင် အရည်အချင်း သာတယ်။

၃။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ဆည်းကပ်မှု။  ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင်ရဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ချစ်ခင်မှု၊ ပုဂ္ဂိုလ်ရေးချစ်ခင်ခံရမှု၊ ပြည်ပမီဒီယာတွေက pro-democracy icon အမည်တပ်ပြီး ချီးမွမ်းလွန်းရာက (ဒါကလည်း စစ်အစိုးရကို တိုက်ခိုက်နည်းတစ်မျိုးအနေနဲ့ လုပ်တာ) ဒေါ်စုအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ များလာပြီး ဒေါ်အောင်ဆန်းစုကြည်ကိုးကွယ်မှုဂိုဏ်းတစ်ခုအသွင် ဖြစ်လာတာဖြစ်ပါတယ်။ အဆိုပါ ဂိုဏ်းသည် နိုင်ငံရေးပါတီ NLD ကို အခြေခံကာ NLDization လုပ်လိုက်တာမှာ naive မြန်မာလူမျိုးတွေကို စည်းရုံးနိုင်လို့ အောင်မြင်သွားတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ NLD သည်သာ အားထားရာ၊ ဒေါ်စုသည်သာ အားလုံးထက်မြတ်တယ်ဆိုတာမျိုး တိုးတိုးမြင်လာကြတာ။ နိုင်ငံရေးအတွေးအမြင်မပါပါဘူး။ ဆပ်ပြာပူဖောင်းသီအိုရီပါ။ ဘယ်အချိန် ထပေါက်ကွဲမယ်တော့ မသိ။

၎။ မြန်မာနိုင်ငံရဲ့ လူအများစု grassroot level က လူပြိန်းကြိုက် နိုင်ငံရေးကိုသာ နိုင်ငံရေးဟု သိခြင်း။ NLD ရဲ့ claim ပြောင်းလဲမယ် ဆိုတာကကို လူပြိန်းကြိုက်စကားပါ။ မြန်မာပြည်လူထုက နားလည်တာ သုံးခု ရှိပါတယ်။ ၁။ ဆင်းရဲတာ လွတ်ချင်တယ်။ ၂။ လူရာတွင်ချင်တယ်။ ၃။ တစ်ဖက်ကို နိုင်ချင်တယ်။ ဒါတွေအကုန်လုံးက ပြည်ခိုင်ဖြိုးအစိုးရကို ထိုးနှက်ဖို့ အကောင်းဆုံးအချက်တွေ။ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ ဆင်းရဲတယ်။ ဟုတ်ဟုတ်/မဟုတ်ဟုတ် ပိုပြောလိုက်တာပဲ။ ဒေါ်စုအစိုးရတက်ရင် မြန်မာပြည်က လေးစားခံရမယ်။ ကမ္ဘာက မြန်မာပြည်ကို သိမယ်။ စသဖြင့် ဘာညာပေါ့လေ။ နောက်ဆုံးက တစ်ဖက်ပြည်ခိုင်ဖြိုးကို နိုင်ချင်တယ်။ နိုင်ချင်ရင် NLD ထည့် ဆိုတာ ဖြစ်လာတယ်။

၅။ ရွေးကောက်ပွဲ အတွေ့အကြုံမရှိတော့ သာရာပါ၊ ဆွယ်ရာပါခြင်း။ ခု NLD မဲထည့်တဲ့သူ အများစုက ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖွဲ့စည်းပုံကို အမှန်ခြစ်ခဲ့ကြသူတွေ။ သူတို့စိတ်ထဲမှာ မဲဆိုတာ ဘယ်လောက်ထိ အရေးပါတာ အရာရောက်တာ မသိဘူး။ trend တစ်ခုအနေနှင့် သူတို့ပါဝင်လှုပ်ရှားခွင့်ရှိတဲ့ activity တစ်ခုအနေနှင့်ပဲ သိထားတယ်။ ဖွဲ့စည်းပုံ အမှန်ခြစ်တုန်းကလဲ ဒီလိုပဲ သူများခြစ်လို့ ခြစ်တယ်။ ခုလည်း ကားတွေ၊ ဆိုင်ကယ်တွေ မှာ ဒေါင်းမြင်တော့ ဒီရွေးကောက်ပွဲဆိုတာ ဒေါင်းထည့်ရတဲ့ ရွေးကောက်ပွဲလို့ မြင်တာမျိုး။ အာဏာရှင်အနံ့သက် မကုန်သေးတော့ ဒီမိုကရေစီကို နားမလည်ကြသေးတဲ့သဘောပါ။ ကိုယ်တွေဖြစ်စေချင်တာက ဘယ်သူသမ္မတဖြစ်တာ၊ ဘယ်ပါတီအစိုးရဖွဲ့နိုင်တာထက် လွှတ်တော်တွင်း technocrat တွေ စုစည်းပြီး အပြန်အလှန်ထိန်းညှိကြစေချင်တာ။ ဒီလိုပြောရင်ကို သူတို့ခေါ်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးကို ဆန့်ကျင်သလို ဖြစ်နေတယ်။ မြင်နေကြတာက အင်အားသည် အမှန်တရား။ Might is Right. အခု ဦးခင်ညွန့် အင်အားရှိရင် ဦးခင်ညွန့် အမှန်တရား။ ဦးရွှေမန်း အင်အားရှိရင် ဦးရွှေမန်း အမှန်တရား။ ဒီမိုကရေစီပြောင်းလဲစမို့ပဲ မှတ်ယူပါတယ်။ ဒါပေမယ့် Right is Might ဖြစ်အောင်တော့ ဘယ်လောက်စောင့်ရမယ်မသိ။

ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီနည်းအရ ရွေးကောက်ခံရလဒ်ဖြစ်လို့ ရလဒ်ကို လက်ခံပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကတော့ ဘောင်းဘီချွတ် အစိုးရမို့ ဒီမိုကရေစီအစိုးရမစစ်မှာကို စိုးရိမ်ခဲ့ကြ ထောက်ပြခဲ့ကြရပါတယ်။ ခုတက်လာမယ့်အစိုးရကတော့ ဒီမိုကရေစီကို ကကြီးခခွေးတောင်မှ မသိဘဲ အာဏာလက်ကိုင်ရှိမှုသည်သာ ဒီမိုကရေစီဖြစ်တယ်လို့ ယူဆကြ သူများဖြစ်တာမို့ မြန်မာ့ဒီမိုကရေစီအတွက် စိုးရိမ်ရ ထောက်ပြရဦးမည်ဟုသာ။

Soe Moe Hlaing

No comments: