ရွေးကောက်ပွဲတွင် NLD ပါတီ အများစု အနိုင်ရသည့်အတွက် အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုကြောင်း ပြောကြား
အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီမှ အများစု အနိုင်ရသည့်အတွက် ဂုဏ်ပြုကြောင်း နိုဝင်ဘာ ၁၃ ရက်က India Times သတင်းစာ အင်တာနက်
စာမျက်နှာတွင် ဖော်ပြထားသည်။
ဆိုနီယာဂန္ဒီက မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ၏ ကာလကြာရှည် ကြိုးစားမှုများ၏ ခိုင်မြဲသော ရပ်တည်ချက်များကို အမှတ်ရကြောင်းနှင့် ကွန်ဂရက် ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြားတွင် နက်ရှိုင်းသော ဆက်ဆံရေးရှိကြောင်း ပြောကြားသည်။
အလားတူ သမ္မတ ဦးသိန်းစိန်ကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ထိန်းကျောင်းမှု မရှိပါက ယခုကဲ့သို့ ပြောင်းလဲမှု ရရှိရန် ဖြစ်နိုင်မည် မဟုတ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
ကွန်ဂရက် ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ရာဟူးလ်ဂန္ဒီကလည်း “သမိုင်းဝင် အနိုင်ရရှိမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဂုဏ်ပြုပါတယ်။ ဒီအနိုင်ရရှိမှုဟာ မြန်မာနိုင်ငံအတွက် ခေတ်သစ် တစ်ခုရဲ့ အစပါပဲ။ သူ (ဒေါ်အောင်ဆန်းစုကြည်) အတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အိန္ဒိယနဲ့ မြန်မာဟာ ပိုမိုနီးစပ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းင်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက လွှတ်တော်နေရာ အများစု အနိုင်ရရှိခဲ့ပြီး အစိုးရသစ် ဖွဲ့စည်းနိုင်ပြီ ဖြစ်သည်။
(Photo : PTI)
ဝက်ဘ်ဆိုက်တွင် ဖတ်ရှုရန်လင့် - - - - - - -> http://goo.gl/2QH0eG
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, November 15, 2015
ရွေးကောက်ပွဲတွင် NLD ပါတီ အများစု အနိုင်ရသည့်အတွက် အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုကြောင်း ပြောကြား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment