Sunday, November 15, 2015

ဆောင်းရာသီမှာ လူတွေဘာကြောင့် မကြာခဏ ဖျားနာကြတာလဲ

ဆောင်းရာသီမှာ လူတွေဘာကြောင့် မကြာခဏ ဖျားနာကြတာလဲ

ဆောင်းရာသီမှာ ဆိုရင် တစ်နှစ်လုံး တစ်ခါမှ မဖျားဖူးတဲ့သူ တောင် ဖျားတတ်ကြ ပါတယ်။ ဘာကြောင့် ဆောင်းရာသီရောက် ရင် ဖျားလွယ် ရတာလဲ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေ ကို မပေးနိုင်သေးဘူးလို့ ဗန်ဒါဘစ် တက္ကသိုလ်မှ ကာကွယ်ရေး ဆေးပညာ၊ နာယက ဖြစ်သူ ဝီလျံက ရှင်းပြ ပါတယ်။ ဆောင်းရာသီ မှာ လူအများစုက အိမ်တွင်းနဲ့ အခန်းတွင်းမှာ အချိန်များများ ဖြုန်းလေ့ရှိတာကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းတာ သွေးလှည့် ပတ်မှုကို လျော့နည်းစေတဲ့ အပြင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး တွေနဲ့ ထိတွေ့မှုပိုများ စေလို့ နာမကျန်းမှု ဖြစ်ရတာပါ။ ဆောင်းရာသီမှာ လေထုက ခြောက်သွေ့နေပြီး ပတ်ဝန်းကျင် စိုထိုင်းဆ နည်းတာကြောင့် အသက်ရှူ လမ်းကြောင်း အတွင်း ခြောက်သွေ့မှုဖြစ်ကာ ဗိုင်းရပ်စ်ပိုးတွေ ကျူးကျော် ဝင်ရောက်နိုင်ခြေ ပိုများနေပါတယ်။ ဒီလို အခြေအနေ အရပ်ရပ်တွေ ပေါင်းဆုံနေ တာကြောင့် ဆောင်းရာသီမှာ လူတွေ ပိုဖျားလွယ်ရတာ ဖြစ်ပါတယ်။ ဆောင်းရာသီမှာ ဖျားနာစေတဲ့ အကြောင်းရင်း အဖြစ် အေးမြတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုတစ်ခု တည်းကို ပြောလို့ မရပါဘူး။

BY GOOD HEALTH


No comments: