BREAKING News>>>>
"ဒီချုပ်အစိုးရဖွဲ့နိုင်ပြီ"’
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ (နိုဝင်ဘာ ၁၃ )နေ့လည် ၁၂ နာရီတွင် ပြည်သူ့လွှတ်တော် အနိုင်ရ ၂၄ ဦးစာရင်းကို ထပ်မံကြေညာရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၁ နေရာ ထပ်မံရရှိသည်။
သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် အစိုးရဖွဲ့ရန် လိုအပ်သည့် အရေအတွက် ၃၂၈ နေရာ ထက် နေရာ ၂၀ ကျော်လွန် ရရှိနေပြီး ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၃၄၈ နေရာ၊ ကိုယ်စားလှယ် အရေအတွက် စုစုပေါင်း၏ ၅၃.၁ ရာခိုင်နှုန်း ရရှိထားခြင်း ဖြစ်သည်။
မူလက ရွေးကောက်ပွဲမကျင်းပဖြစ်သော နေရာ ၇ နေရာသာရှိသည်ဟု သိရှိထားသော်လည်း ကော်မရှင်က ရွေးကောက်ပွဲမကျင်းပဖြစ်သောနေရာ ၉ နေရာရှိခဲ့သည်ဟု ကြေညာသည့်အတွက် အစိုးရဖွဲ့ရန်မှာ ယခင်တွက်ချက်ထားသော ၃၂၉ ဦးထက်လျှော့သွားပြီး ၃၂၈ ဦး(အတိအကျဆိုရလျှင် ၃၂၇.၅ ဦး)ရလျှင် တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့ရန် လုံလောက်သွားပြီဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် ဒီချုပ်က ၃၄၈ ဦးရရှိထား၍ တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့နိုင်ရန် သေချာသွားပြီ ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၀ နေရာ ရရှိနေသည်။
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်

No comments:
Post a Comment