ထားဝယ်မြို့နယ် ရောင်းမော်ရွာ ၌ အစာ အဆိပ်သင့်၍ ဆေးရုံတွင်ကုသမှုခံယူ
========================================
ထားဝယ် နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာ၌ အစာ အဆိပ်သင့်၍ နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီက ထားဝယ်မြို့ ဇမ္ဗူသီရိ အရေးပေါ်အခမဲ့ကူညီသယ်ဆောင်ရေးအသင်းမှ လူနာတင်ယာဉ်သုံးစီး ဖြင့် ထားဝယ်ဆေးရုံကြီးသို့ အချိန်မီကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရ သည်။
ဖြစ်ပွားပုံမှာ ထားဝယ်မြို့ ရောင်းမော်ကျေးရွာ၌ အလှူပွဲနေ့မတိုင်မီ လာရောက်ကူညီပေးကြသူများအား ကျွေးမွေးရာတွင် ပုစွန်ချဉ်စားမိကြ သူများဖြစ်သည့် သံဃာတော်ခြောက်ပါး၊ သီလရှင်တစ်ပါး၊ အမျိုးသား ၁ဝ ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၂၅ ဦး အစာအဆိပ်သင့်၍ မူးဝေ အော့အန်ကြသဖြင့် ရောင်းမော်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ကုသပြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကုသခဲ့ သည်။
ဆေးရုံကြီးသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အတွင်းရေးမှူး ဦးခိုင်ထွန်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် အဖွဲ့တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖိုးရွှေသွန်း(ထားဝယ်)
နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်
No comments:
Post a Comment