Monday, November 16, 2015

"ပါရီ ဖြစ်စဉ်နှင့် သတင်း အချက်အလက်များ" ---------------------------------------------------

"ပါရီ ဖြစ်စဉ်နှင့် သတင်း အချက်အလက်များ"
---------------------------------------------------

#အစီရင်ခံစာမှတ်တမ်းအရ နိုဝင်ဘာ (၁၃) ရက်နေ့
၂၀၁၅ ခုနှစ် သောကြာနေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရီ မြို့
အကြမ်းဖက်ခံရမှုမှာ သေဆုံးသူ (၁၂၉) ရှိပြီး ဒဏ်ရာ
ရသူ စုစုပေါင်း (၃၅၂) ယောက် ရှိပါတယ်။ ထိုအထဲမှ
(၉၉) ယောက်၏ အသက် အန္တရယ်သည် စိုးရိမ်ဖွယ်
အခြေအနေတွင် ရှိနေပါသည်။

#အကြမ်းဖက်သူအဖွဲ့ (၃) ဖွဲ့မှာ အချို့က AK - 47
မောင်းပြန်သေနတ်များနှင့် ကိုင်ဆောင်ထားကြပြီး
အချို့ကတော့ အသေခံ ဗုံးခွဲသူများ ဖြစ်ကြပါတယ်။

ပြင်သစ်မြို့တော်ကို (၇) နေရာခွဲ၍ တိုက်ခိုက်ရာတွင်
အသေအပျောက် အများဆုံးနှင့် အဆိုးဆုံး နေရာမှာ
(Bataclan Concert Hall) ကပွဲရုံမှာ ဖြစ်၍ အနည်း
ဆုံး (၈၉) ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

#တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား (၈) ဦး
သေဆုံးခဲ့ပြီး (၇) ဦးမှာ ကိုယ့်ကိုယ်ကို ဗုံးခွဲ သတ်
သေခြင်း ဖြစ်၍ ကျန် (၁) ဦးကိုသာ ပုလိပ်တွေက
ပစ်သတ်နိုင်ခဲ့ပါတယ်။

#တိုးတက်မှု မှတ်တမ်းရ ပါရီ တိုက်ခိုက်သူတွေဟာ
"ဒါဟာ ဆီးရီးယားအတွက်" နှင့် "အလ္လာဟူလ် အက္က
ဘာ" "Its for Syria" "Allahu Akbar" ဟု အော်ဟစ်
ကြကြောင်း အစီရင်ခံသော်လည်း နိုင်ငံရေးသမား
များနှင့် ကျွမ်းကျင်သူများက ဒီလို ထင်ကြေးမပေး
သင့်ကြောင်း စကော့တစ်လူမျိုးတွေလည်း ဖြစ်နိုင်
ကြောင်း သတိပေး ပြောကြားပါတယ်။

#တာဝန်ရှိ ပုဂ္ဂိုလ်များက တိုက်ခိုက်ရေးသမား
လူငယ် တစ်ယောက်မှာ ပြင်သစ်လူမျိုး ဖြစ်ပြီး
၎င်းနှင့် မနီးမဝေးရှိ နောက်ထပ် တိုက်ခိုက်ရေး
သမား ခန္တာကိုယ်ပေါ်မှာတော့ "ဆီးရီးယား နိုင်
ငံကူး လက်မှတ်" ကို ရှာဖွေ တွေ့ရှိကြောင်း
ပြောကြားပါတယ်။

၎င်းသည် ပြီးခဲ့သော လ,ကမှ ဂရိနိုင်ငံမှတဆင့်
ဥရောပ သမဂ္ဂ (European Union / EU) နိုင်ငံ
သို့ ဝင်ရောက် လာကြောင်း စုံစမ်း သိရှိရသည်။

#အခြားအကြမ်းဖက်သမားထဲမှ တစ်ယောက်မှာ
"အီဂျစ် နိုင်ငံကူး လက်မှတ်" ကိုင်ဆောင်ထားပြီး
ကျန် (၃) ယောက်၏ မူရင်းနိုင်ငံမှာ ဘယ်လ်ဂျီယန်၊
ဘရပ်ဆဲလ် မြို့တော်မှ ဖြစ်သည်ဟု ယုံကြည်ရပါ
သည်။

ထိုအထဲမှ (Stade de France Stadium) အား
ကစားရုံတွင် သေဆုံးသွားသော တိုက်ခိုက်ရေး
သမားလေးမှာ အသက် (၁၅) နှစ်သာ ရှိပါသေး
သည်။

#၂၀၁၅ ခုနှစ်၊ နှစ်စကတည်းက ပြင်သစ်နိုင်ငံသည်
ပြင်သစ် သတင်းစာ Charlie Hebdo ၏ သရော်စော်
ကားမှုကြောင့် စတင်တိုက်ခိုက်ခံရပြီး၊ ထိုတိုက်ခိုက်
မှုတွင် တိုက်ခိုက်သူ (၃) ဦး အပါအဝင် စုစုပေါင်း
လူဦးရေ  (၂၀) သေဆုံးခဲ့ပါတယ်။

#နိုဝင်ဘာလ (၁၄) ရက်၊ စနေနေ့ဖြစ်တဲ့ မနေ့
ကတော့ ဤတိုက်ခိုက်မှုသည် မိမိတို့ လက်ချက်
ဖြစ်ကြောင်း ISIS အဖွဲ့မှ ထုတ်ပြန် ကြေညာပါ
သည်။

#ဒုစရိုက်မှုနှင့် ပြည့်တန်ဆာလုပ်ငန်းများဖြင့် ပြည့်နှက်
ထွန်းကားနေသော ပါရီမြို့တော်ကို ပုံစံချ ပစ်မှတ်ထား
တိုက်ခိုက်ရခြင်းသည် ခါလီဖိတ် (Carliphate / အောင်
နိုင်သူ) စစ်သား နောက်လိုက် တစ်စု၏ ယုံကြည်မှုသာ
ဖြစ်သည်။

#သံမဏိအားဖြင့် ဖျစ်ညှစ်ခံရသော ကရူးဆိတ်တို့၏
ခြေထောက်အောက်တွင် ပါရီမြို့သည် တုန်လှုပ်ခြင်း
ကြီးစွာ ဖြစ်ခဲ့ရပေတော့သည်။

#ISIS အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်နေသော
ပြင်သစ်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ အဆုံး နိဂုံး
ချုပ် အားဖြင့် သေမင်းယနံ့သည် နှာခေါင်းဝတွင်
အမြဲ ရှုရှိုက်နေရမည်သာ ဖြစ်ကြောင်း သိစေအပ်
ပါသည်ဟု ကရူးဆိတ်ဒါးများက လှုံ့ဆော်ပါသည်။

#တကယ်တော့ ဒါဟာ အစသာလျှင်လည်း ဖြစ်ပါ
တယ်ဟု ဖြည့်စွက် ပြောကြားပါတယ်။

#ထိုအပြင်လည်း ISIS အဖွဲ့မှ ထပ်လောင်း ပြောကြား
ရာတွင် "အမေရိကန်တွေရဲ့သွေးဟာ အရသာ အရှိဆုံး
ဖြစ်ပြီး၊ မကြာခင် မြည်းစမ်းပါဦးမည်" ဟု ဆိုပါတယ်။

#ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန် (Francois Holl
-ande) မှ ယခင်က မကြုံဖူး၊ မဖြစ်ခဲ့ဖူးသော အကြမ်း
ဖက် တိုက်ခိုက်ခံရမှုကြောင့် နယ်စပ်ဂိတ်များ အားလုံး
ကို ပိတ်စေခဲ့ပြီး ISIS အဖွဲ့ အပေါ် ရက်ရက်စက်စက်
သနား ညှာတာမှု မရှိဘဲ လက်တုံ့ပြန်မည်ဟု ကြိမ်းဝါး
ပါသည်။

#ယခုဆိုလျှင် ပြင်သစ်သည် တစ်နိုင်ငံလုံး အတိုင်း
အတာနှင့် အရေးပေါ် အခြေအနေ ကြေညာထားရှိ
လျှက် ရှိနေပါတယ်။

#ပြီးခဲ့တဲ့ ရက်သတ္တပတ် တနင်္ဂနွေ၊ နိုဝင်ဘာ (၈)
ရက်နေ့မှာ ပြင်သစ်နိုင်ငံက စစ်ရေးအရ  ISIS
အဖွဲ့၏ စစ်ရေး လေ့ကျင့်ရေး စခန်းတွေ အပေါ်
ဗုံးကြဲဖျက်ဆီးခဲ့ခြင်းမှာ အရပ်သား သေဆုံးမှု မရှိ
ဟု သမ္မတကပြောကြားပြီး နိုင်ငံ၏ လုံခြုံရေးအရ
ဆောင်ရွက်ခဲ့ရသည်ဟု အကြောင်းပြပါသည်။

#၂၀၁၄ ခုနှစ်ကတည်းက အမေရိကန် ဦးဆောင်
သော အဖွဲ့တွင် ပြင်သစ်က ပါဝင်ပြီး အီရတ်အပေါ်
လေကြောင်းမှ တိုက်ခိုက်မှုများတွင် ပူးပေါင်း တိုက်
ခိုက်ခဲ့သော်လည်း ဆီးရီးယားသမ္မတ ဘာရှားအယ်
အာဆတ်ကို တိုက်ခိုက်ခြင်း မပြုပါ။

သို့သော် နောက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ ဆီးရီးယား
ဒုက္ခသည်များကိစ္စကြောင့် မဟာဗျူဟာ ပြောင်းလဲခဲ့ပြီး
တစ်နည်းအားဖြင့် ဒုက္ခသည်တွေအများစု နိုင်ငံတွင်းသို့
ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက်  ဆီးရီးယားကို
ဗုံးဝင်ကြဲပါတော့တယ်။

#ထိုအကြောင်းကြောင်းတွေကြောင့် ဖေဖော်ဝါရီလ၊
၂၀၁၅ ခုနှစ်မှာ ပြင်သစ်ဘာသာစကားနဲ့ ဗီဒီယိုကို
ထုတ်လွှင့်ပြီး ISIS အဖွဲ့က အမေရိကန် ဦးဆောင်
တဲ့ ဆီးရီးယား ပဋိပက္ခ အတွင်းသို့ပြင်သစ် မပါဝင်ဖို့
ပြောကြားထားပြီးဖြစ်သလို ဝင်စွက်ခဲ့လျှင် တိုက်ခိုက်
ဖို့ ပြင်ဆင်ထားကြောင်း သတိပေးခဲ့ပါတယ်။

#ISIS တိုက်ခိုက်ရေးသမားများအား နေရာအနှံ့
တပ်ဖြန့်ထားရှိပြီး ဖြစ်သလို သင်တို့သည် သွေး
ရောင်လွှမ်းသော အိပ်မက်ဆိုးများနှင့်သာ ယခု
အခါ  တကယ့်စစ်ပွဲ အစကို ကြုံဆုံကြရပေတော့
မည်။

#ပြင်သစ်၏ ဆီးရီးယားအပေါ် ဝင်ရောက်စွက်ဖက်
ခြင်း ကိစ္စအပေါ် ပါလီမန်ကလည်း ဆန့်ကျင်ခဲ့သလို
လူထုဆန္ဒ စစ်တမ်း ကောက်ယူမှု အရလည်း ၆၄%
က ကန့်ကွက်ခဲ့ပါတယ်။

ဒီမိုကရေစီ ကောင်းစွာ အလုပ် လုပ်ခဲ့သော်လည်း
ပြင်သစ်အစိုးရ မလိုက်နာခဲ့ပါ။

ပြင်သစ်၏ လူဦးရေ (၆၆.၀၃) သန်းမှာ ၁၀ ရာခိုင်နှုန်း
ဖြစ်သော (၆.၅) သန်းက မွတ်စလင်တွေ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း နိုင်ငံရေး ခိုလှုံခွင့်
နှင့် ဝင်ရောက်လာသူများ တစ်ရှိန်ထိုး ကြီးမားလာရာ
တွင် ဂျာမနီကို ဝင်ရောက်သူ အများဆုံး ဖြစ်ပြီး ဆွီဒင်၊
အင်္ဂလန်က အလယ်အလတ်အဆင့်နှင့် စပိန်ကတော့
အနည်းဆုံး ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း နိုင်ငံရေး ခိုလှုံ
ခွင့် လျှောက်ထားသူပေါင်း စာရင်းအတိအကျကို
စစ်ဆေးကြည့်ရှုသည့်အခါ ဂျာမနီနိုင်ငံတွင် (၃,
၂၉၈,၁၀၅) ဦး၊ ပြင်သစ်တွင် (၁,၀၂၃,၂၄၀၀) ဦး၊
ယူကေတွင် (၁,၀၈၅,၉၄၅) ဦး၊ ဆွီဒင်တွင် (၈၃၈
,၅၀၅) ဦးနှင့် စပိန်တွင် (၁၇၆,၃၀၀) တို့ဖြစ်ကြပါ
တယ်။

၂၀၀၀ မှ ၂၀၁၄ ခုနှစ်အတွင်း ခိုလှုံခွင့်ကို လက်ခံ
ခဲ့သော စာရင်းကိုကြည့်သော အခါ ဂျာမနီက (၂)
သန်းကျော်၊ ဆွီဒင် (၈) သိန်းကျော်၊ ပြင်သစ်က
ခြောက်သိန်းခွဲ၊ ယူကေ (၃) သိန်းကျော်နှင့် စပိန်
က ငါးထောင်ကျော်ကို လက်ခံခဲ့ပါတယ်။

ဂျပန်နိုင်ငံကို ခိုလှုံဖို့ ကြိုးစားကြသော်လည်း
ဂျပန် အစိုးရက "နိုး" ၊ လက်မခံခဲ့ပါ။

ဤသို့သော လူမှု ပထဝီဝင် အလုံးအရင်းနှင့်
ပြောင်းရွေ့ ကိုလိုနီ ပြုခြင်းကို အခြား ဥရောပ
နိုင်ငံများနည်းတူ ပြင်သစ်လည်း မတွန်းလှန်နိုင်
ခဲ့ပါ။

# ဒီနေရာမှာ ၁၉၇၄ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေ
ညီလာခံမှာ အယ်လ်ဂျီးရီးယား ဒုသမ္မတ မိန့်ခွန်းခြွေ
ခဲ့တာလေး ပြန်ပြောင်း သတိရစေချင်ပါတယ်။

#တစ်နေ့တွင် သန်းနှင့်ချီသော လူများ တောင်ပိုင်း
အခြမ်းကနေ မြောက်ပိုင်းအခြမ်းသို့ ရောက်ရှိလာ
ပါလိမ့်မယ်။ မိတ်ဆွေအဖြစ်နဲ့ ရောက်ရှိလာခြင်း
ထက်ကို အောင်နိုင်သူများ အဖြစ်သာ ဖြစ်ပေလိမ့်
မယ်။ ထိုတွင်သာမက ထိုတိုင်းပြည်များရှိ မိန်းမ
များ၏ သားအိမ်သည် ထိုသူများ၏ သားများက
အောင်မြေ အဖြစ် ခိုလှုံရာ အမြုတေ နေရာများ
သာလျှင် ဖြစ်ပေလိမ့်မည်ဟု ကြိုတင် ဟောကိန်း
ထုတ်ခဲ့ဖူးပါတယ်။

#တမန်တော်ကဲ့သို့ အနာဂတ်ကို တိတိကျကျ
ပြောသွားခဲ့သည်မို့လားမသိ ယနေ့ ပြင်သစ်၏
မွတ်စလင် အများစုမှာ အယ်လ်ဂျီးယား လူမျိုးမှ
ဆင်းသက်လာသူက အများစု ဖြစ်ပါတယ်။

#စစ်ပွဲတွေ ဖန်တီး၍ လူအများသေကြေ ပျက်စီးခြင်း
အမှုတွေကို ပြုလုပ်၍ ကမ္ဘာကြီးကို လက်နက်အများ
ဆုံး ရောင်းချသော နိုင်ငံတွေထဲမှာ (၁၄) နှစ်အတွင်း
အမေရိကန်က ဒေါ်လာဘီလီယံ (၁၁၀)၊ ရုရှက (၉၂)
ဘီလီယံ၊ ဂျာမနီက (၂၇) ဘီလီယံ၊ ပြင်သစ် (၂၅)
ဘီလီယံ၊ ယူကေ (၁၇) ဘီလီယံ၊ တရုတ် (၁၃) ဘီ
လီယံ၊ အီတလီ (၉) ဘီလီယံ၊ အစ္စရေးလ်၊ နယ်သာ
လင်နှင့် ယူကရိမ်းက  (၈) ဘီလီယံ အသီးသီး ရှိပါ
တယ်။

၂၀၁၄ ခုနှစ် တစ်နှစ်ထဲမှာပင် ပြင်သစ်က လက်နက်
ရောင်းချ၍ ရရှိသော ဝင်ငွေမှာ ဒေါ်လာ ဘီလီယံ
(၂) သန်း ဖြစ်ပြီး ကမ္ဘာမှာ တတိယ လက်နက်
အများဆုံး ရောင်းချ စီးပွါးရှာသော နိုင်ငံ ဖြစ်ခဲ့
ပါတယ်။

(၄.၈) ဘီလီယံဖိုး ယူအီးကို ရောင်းချထားခဲ့သလို
ဆော်ဒီနှင့် မော်ရိုကို ကိုတော့ ဘီလီယံ (၁) သန်း
ကျော်ဆီ ရောင်းချထားပါတယ်။

အခြားနိုင်ငံများမှ ရောင်းချထားသော စာရင်း
မပါသေးပါ။

ထိုသို့ အာဏာရှင် နိုင်ငံများကို လက်နက်အမြောက်
အများ ရောင်းချထားသော ပြင်သစ်က ဒီကိစ္စနှင့်
ပတ်သက်ပြီး ပြင်သစ်သံနှင့် နိုနိုနိုး ဟု ပြောလေ့ရှိ
ပါတယ်။

#ယခုပါရီ တိုက်ခိုက်မှုနှင့် ဇန်နဝါရီ တိုက်ခိုက်မှု
နှစ်ရပ်လုံးမှာ အကြမ်းဖက်သမားများက AK - 47
မောင်းပြန်သေနတ်များကို သုံးစွဲသွားခဲ့ပြီး တစ်နိုင်
ငံလုံး တရားဝင် လက်နက် ကိုင်ဆောင်ထားမှုမှာ
(၂.၉) သန်းသာရှိသော်လည်း တရားမဝင် စာရင်း
အရ လက်နက်လက်ဝယ်ရှိသူ (၁၉) သန်းကျော်
ရှိနေပါတယ်။

ပြင်သစ်မှောင်ခို ဈေးကွက်မှာ AK - 47 မောင်းပြန်
သေနတ် တစ်လက်၏ တန်ဘိုးမှာ ယူရိုငွေ ၁,၀၀၀
မှ ၁,၅၀၀ အတွင်းမှာသာ ရှိပါတယ်။

#ပြင်သစ်နိုင်ငံရှိ အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းရှိ
လူငယ် ၂၇% က  IS ကို ထောက်ခံကြပြီး အများစု
ဖြစ်၍ ဂျာမနီတွင် ၂%၊ ယူကေမှာ ၇% နှင့် အခြား
ဥရောပနိုင်ငံများမှာတော့ အလွန်နည်းပါးပြီး မိမိ နေ
သည့်ဆွီဒင်မှာတော့ မရှိသလောက်ဟု ဆိုရပါမယ်။

မည်သည့်အကြောင်းအရာကိုမဆို မိမိမှ ရေးသား
ဖော်ပြခြင်းအမှု ပြုတဲ့အခါ အချက်အလက်အမှန်
များကိုသာ သိစေလိုသော စေတနာနှင့် တတ်နိုင်
သမျှ အပင်ပန်းခံ ရှာဖွေတင်ဆက်လေ့ ရှိပါတယ်။

အကျိုးအကြောင်း အဖြစ်အပျက်များသည် လောက
ကြီး၏ ဖြစ်စဉ်၌ သူ့နေရာနှင့်သူ၊ သူ့ကဏ္ဏတိုင်း၌
နေသားတကျ ရှိနှင့်ပြီး ဖြစ်နေသည်ဟု အတွေ့အကြုံ
အရ နားလည်ထားသောကြောင့် မိမိ၏ အာဘော်များ
ဖြစ်သော ဝမ်းနည်း ဝမ်းသာခြင်း၊ ထောက်ခံခြင်း ကန့်
ကွက်ခြင်းအမှု မိမိမှာအလျှင်းမရှိသော်လည်း ဖြစ်ပျက်
အစဉ် သံသရာကြီးကိုတော့ မမှိတ်မသုံ လေ့လာ မှတ်
သားခြင်း ပြုသည်ကတော့ မငြင်းလိုပါ။

အားလုံးကို လေးစားလျှက်။

Andrew Soe
၁၅ နိုဝင်ဘာ ၂၀၁၅။


No comments: