Saturday, November 7, 2015

" ဒီမိုကရေစီကို စောင့်မျှော်နေချိန် .... အာဏာသုံးရပ်ကို ချုပ်ကိုင်တဲ့  ဦးသန်းရွှေ ဆင်းသွားပြီး ... အာဏာနှစ်ရပ်ကို ချုပ်ကိုင်မယ့် ဒေါ်စု ရောက်လာခဲ့တယ် ... "

" ဒီမိုကရေစီကို စောင့်မျှော်နေချိန် ....
အာဏာသုံးရပ်ကို ချုပ်ကိုင်တဲ့  ဦးသန်းရွှေ ဆင်းသွားပြီး ...
အာဏာနှစ်ရပ်ကို ချုပ်ကိုင်မယ့် ဒေါ်စု ရောက်လာခဲ့တယ် ... "
==================================
*** ဒေါ်စုကို ချစ်လား ?
မချစ်ဘူး ....
***ဒါဆို မုန်းလား ?
မမုန်းဘူး ...
***ဒါဆို လေးစားလား ?
ဟုတ် ... လေးစားတယ် ...
***ဘာကိုလေးစားလဲ ... ?
စိတ်ဓာတ်ကြံ့ ခိုင်မှုကို လေးစားတယ် ..
*** ဒါဆို ဒေါ်စု နဲ့ NLD ပါတီ ရဲ့  ...
လုပ်ဆောင်ချက်တွေကို ထောက်ခံလား ?
ဟာ ... အဲလိုတော့လဲ မဟုတ်ဘူး ....
တစ်ချို့ ကိစ္စတွေ လက်ခံတယ် ...
တစ်ချို့ ကိစ္စတွေ လက်မခံဘူး ....
*** ဘာကို လက်မခံတာလဲ ... ?
ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတာကို လက်မခံဘူးလား ?
စတင် ပြောင်းလဲနေပြီ လို့  လက်ခံထားတယ် ...
ဘယ်တုန်းက စ ပြောင်းလဲဆိုတော့ ...
စစ်အုပ်ချုပ်ရေး ရပ်သွားပြီး ...
အစိုးရ ၊ လွှတ်တော်နဲ့  တရားရုံးချုပ် ...
အာဏာသုံးရပ် သီးခြား ကွဲထွက်သွားတဲ့ အချိန်က စပြောင်းတယ် ...
အခု ရွေးကောက်ပွဲဟာ ပြောင်းလဲခြင်းရဲ့  သင်္ကေတပဲ ...
အပြောင်းအလဲ ဖြစ်ဖို့  NLD က တွန်းအားပေးတယ် ...
လက်ရှိ ပြည်ခိုင်ဖြိုးပါတီက လက်ခံတယ် ...
သူ ဦးဆောင်ပြီး ပြောင်းလဲတယ် ...
၅ နှစ်သက်တမ်းအတွင်း အများကြီး ပြောင်းလဲခဲ့တယ် ...
ဒီလို လက်ခံထားတယ် ...
*** ဘာတွေ ပြောင်းလဲလို့ လဲ ?
အများကြီးပေါ့ ...
မီဒီယာ လွတ်လပ်ခွင့် ရလာတယ် ...
စာပေ စိစစ်ရေး မရှိတော့ဘူး ဖျက်သွားပြီ ...
စာအုပ်တွေ ကြိုက်တာရေး ကြိုက်တာထုတ် ...
အရင်ဗိုလ်ချုပ်တွေကို ငါမကိုင်တုပ်ရုံတမယ် ...
ရေးထားတာတွေ တစ်ပုံကြီး
ဆန္ဒပြခွင့်တွေ ရလာတယ် ... ဥပဒေနဲ့ တော့ ညီရတယ် ....
( ခွင့်ပြုချက်တော့တင်ရသေးတယ် ...
တင်လဲ တင်ပြသင့်တယ် လို့ ထင်တယ် )
တစ်ခါ အစိုးရကို လုပ်ချင်တိုင်းလုပ်လို့ မရအောင် ...
လွှတ်တော်က ၀င်ကန့် သတ်ခဲ့တာတွေ အများကြီးပဲ ...
အရင်တုန်းက တရားသူကြီးတွေကို ...
ထောင်ဘယ်နှစ်နှစ်ချလို့  အစိုးရကပြောခဲ့တာ ....
အခု အာ့လို ပြောရဲဖို့ ဝေးစွ ....
အခြေခံ ဥပဒေ ခုံရုံးကိုတောင် လွှတ်တော်က ဖြုတ်ချပြစ်ခဲ့တာ ....
အစိုးရက R2R ကို အတည်ပြုစေချင်ပေမယ့်  ...
လွှတ်တော်က မပြုဘဲနေခဲ့တာ ....
ဒါတွေ မျက်မြင်ကိုယ်တွေ့ ပဲ ....
အစိုးရဟာ အရင်ခေတ်ကလို ....
လက်လွတ်စပယ် လုပ်ရဲသေးလား ...
ခင်ဗျားလဲ သတ္တိရှိရှိ ပြန်ဖြေစမ်းပါ
ဒီ အပြောင်းအလဲတွေဟာ ....
ဦးသိန်းစိန် ဦးဆောင်ပြီး လုပ်ပေးခဲ့တာ မဟုတ်ဘူးလား ?
တိုင်းပြည် စီးပွားရေးလား ?
ဟုတ်ကဲ့  ... ဖုန်းတွေ ကားတွေ ကိစ္စ ဘာမှမပြောဘူး ....
ပင်စာကိစ္စ တစ်ခုပဲ ပြောအုန်းမယ် ...
ကျွန်တော့် အဒေါ် အရင်း ....
အဖိုးကြီး အဖွားကြီး ဆရာ/ဆရာမ လင်မယား ...
အသက် ၇၀ ကျော် ...
အရင်တုန်းက စားမလောက်ဘူး ...
ကျူရှင် တစ်နေကုန်ပြရတယ် ...
အခု နှစ်ယောက်ပေါင်း ပင်စင် သိန်းကျော်ရတယ် ...
သူတို့ အရမ်းပျော်ကြတယ် ....
သူတို့ အမြဲတန်း ဦးသိန်းစိန်ကို မေတ္တာပို့ တယ် ...
ခင်ဗျားတို့ ဘာပြောပြော ဒါ အဖြစ်မှန်ပဲ ...
ဒေါ်စုကို ဘာမှ မပုတ်ခတ်ဘူး ...
သို့ သော် ဦးသိန်းစိန်လက်ထက် ဘာမှ မလုပ်ခဲ့သယောင် ...
ခင်ဗျားတို့ မဟုတ်တမ်းတရားမပြောနဲ့  ....
*** ဒါဆို ခင်ဗျားက ဒေါ်စုကို ဘာမကြိုက်တာလဲ ?
*** NLD ကို ဘာမကြိုက်တာလဲ ?
ပြောပြမယ် နားထောင် ...
၁။ အရင်ကတည်းက အခုထိ ...
တိုင်းပြည်ကို စီးပွားရေး ပိတ်ဆို့ ခိုင်းခဲ့တာတွေကို မကြိုက်ဘူး ...
၂။ ဘင်္ဂါလီ ကိစ္စကို ပြတ်ပြတ်သားသားမပြောဘဲ ...
အခုထိ ဝေ့လည်ချောင်ပတ် လုပ်နေတာကို မကြိုက်ဘူး ....
၃။ တပ် နဲ့ ပတ်သက်လို့  ....
ကေအိုင်အေ ဘက်က ကြေငြာချက်ထုတ်ခဲ့တာ ...
လောက်ကိုင် စစ်ပွဲကို ...
မသိဟန်ဆောင်နေခဲ့တာတွေကို မကြိုက်ဘူး ...
စစ်ပွဲ မပြီးသေးခင် အပြောင်းအလဲကာလ မတည်ငြိမ်သေးခင် ...
တစ်မတ်သားကို ဇွတ်ဖယ်ထုတ်နေတာ မကြိုက်ဘူး ....
၎။ နေရာတကာ လူ့ အခွင့်အရေး စံနဲ့ ...
လိုက်တိုင်းနေတာမျိုး မကြိုက်ဘူး ...
( ဥပမာ အစိုးရက ဘင်္ဂါလီတွေကို ...
ကလေးနှစ်ယောက်ထက် ပိုမယူရလို့ ကန့် သတ်ဖို့ ကြိုးစားချိန် ...
ဒေါ်စုက လူ့ အခွင့်အရေးနဲ့ မညီဘူးလို့ ဝင်ပြောခဲ့တယ် ...
မှန်တယ် မညီဘူး ...
သို့ သော် နေရာတကာ ဒီစံနဲ့  လိုက်တိုင်းဖို့ မလိုဘူး )
၅။ တစ်ချို့ ကိစ္စတွေ သိပ်ကလေးဆန်တယ် ...
ဘားမားလို့ အခုထိ ဇွတ်ခေါ်နေတာမျိုး ...
ရန်ဂွန်းလို့ ဇွတ်လုပ်နေတာမျိုး ...
တပ်မတော်နေ့ မဟုတ် တော်လှန်ရေးနေ့ လို့  ...
NLD က အခုထိ အခမ်းအနား ကျင်းပနေတာမျိုး ...
၆။ အနောက်နိုင်ငံတွေနဲ့ သိပ်ပလူးတယ် ...
၉၀ ခုနှစ်ကတည်းက အခုထိ ...
သူ့ အိမ်မှာ အနောက်အုပ်စုက သံတမန်တွေ ...
အဖွဲ့ မျိုးစုံကလူတွေ ခြေရှုပ်နေခဲ့တာ ...
နောက်ဆုံးပြောရရင် အခု အချိန်အထိ ...
ဂျိုးဖစ်ရှာကို အနားမှာခေါ်ထားတုန်း ....
ဒါတွေ မကြိုက်ဘူး ...
အထူးသဖြင့် ဗိုလ်ချုပ် ရဲ့ သမီးက ...
ဒီလောက် အာ့ကောင်တွေနဲ့ ခြေရှုပ်နေတာ ဘ၀င်မကျဘူး ....
၇။ လွှတ်တော်ကိုလဲ သူတို့ အုပ်စီးမယ် ....
အစိုးရ အထက်ကလဲ သူနေမယ်ပြောတယ် ...
ဒေါက်တာ မြတ်ဥာဏစိုးပြောတာကတော့ ...
ဒေါ်စုကို ဆန့် ကျင်တဲ့ သမ္မတကို ...
လွှတ်တော်က စွပ်စွဲပြစ်တင်ပြီးတောင် ဖြုတ်ချမတဲ့  ....
ရှင်းရှင်းပြောရင် ဒါ ပလပ်ကျွတ်တာ ...
အာဏာရူးတာ လို့ ပဲ မြင်တယ် ...
ငါကယ်မှ တိုင်းပြည်ကောင်းမှာ ဆိုတဲ့  ...
အရင် စစ်အာဏာရှင်တွေရဲ့  လုပ်ရပ်နဲ့ ဘာထူးလဲ ?
အစိုးရအထက်က သူနေမယ်ဆိုရင် ...
သူတို့ တင်တဲ့  သမ္မတ က ငပေါပေါ့ ....
အာ့လို လုပ်မှာသေချာရင် ကြိုပြောထားမယ် ....
NLD က တင်တဲ့  သမ္မတ ငပေါသမ္မတ ...
ရုပ်သေး သမ္မတ ...
ဘာမှ ကိုယ်စွမ်းကိုယ်စမှ မရှိတဲ့  ...
သူများခိုင်းတာ လုပ်ရမယ့်  သမ္မတ ...
ဖွတ်ကြား သမ္မတ ....
( ခင်ဗျားတို့ အစိုးရဖြစ်ရင် ....
ဖမ်းချင်လဲ လာဖမ်း ...
ရင်ထဲမှာ ခံစားရတဲ့ အတိုင်း ပြောတာ ...
၈။ ဒီမိုကရေစီ ရဲ့ အနှစ်သာရဟာ ...
အစိုးရက မဟုတ်တာ လုပ်ရင် ...
လွှတ်တော် က ထိန်းချုပ် ...
အငြင်းပွားမှုတွေ လုပ်ဆောင်ချက်တွေကို ....
တရားရေးက ဥပဒေနဲ့ ညီမညီ အဆုံးအဖြတ်ပေး ...
အုပ်ချုပ်ရေးအာဏာ ...
ဥပဒေပြုရေးအာဏာနဲ့  ...
တရားစီရင်ရေး အာဏာ ....
အာဏာသုံးရပ်ကို ပိုင်းခြားပြီး အုပ်ချုပ်ရမယ် ...
ဒါ လွှတ်တော်နှစ်ဆင့် ဒီမိုကရေစီရဲ့  ၀ိသေသ ပဲ ....
အခုက လွှတ်တော်ကိုလဲ ခင်ဗျားတို့ အုပ်စီးမယ် ...
အစိုးရ အထက်ကလဲ ခင်ဗျားတို့ နေမယ်ဆိုရင် ...
အာဏာနှစ်ရပ်ကို အပိုင်စီးထားမယ့် သဘောပဲ ...
ဒါဆို Check & Balance ပျက်သွားပြီ ...
အစိုးရ က အကောင်အထည်ဖော်ချင်တဲ့  ကိစ္စမှန်သမျှ ...
လွှတ်တော်က ဥပဒေ ပြဋ္ဌာန်းပေးတော့မှာပေါ့ ...
အစိုးရ နည်းလမ်းမကျတာတွေ လုပ်ရင် ...
လွှတ်တော်က မသိချင်ဟန်ဆောင်နေတော့မှာပေါ့ ...
ရေးရာကော်မတီတွေက နှာစေးနေတော့မှာပေါ့ ....
ဒါ ဒီမိုကရေစီလား ....
ခင်ဗျားတို့ ပါးစပ်က တဖွဖွတောင်းလာတဲ့  ...
ဒီမိုကရေစီဆိုတာ ဒါမျိုး ဒီမိုကရေစီလား ....
၁၉၈၈ ကတည်းက ....
ခင်ဗျားတို့ တောင်းခဲ့တဲ့  ဒီမိုကရေစီဆိုတာ ....
ဒါမျိုးကြီးလား ....
ဒါမျိုး လုပ်ရပ်တွေကြောင့် ...
ဒေါ်စု နဲ့  NLD ပါတီကို သဘောမကျတာ ....
*** ဒါဆို ခင်ဗျား ဘယ်သူ့ ကို မဲပေးမလဲ ... ?
NLD ကိုတော့ မပေးဘူး သေချာတယ် ...
*** ဘာလို့ လဲ .... ?
သူက လွှတ်တော်ကို အုပ်စီးနိုင်မှာ သေချာနေပြီ ....
အာဏာတစ်ရပ်ကို ချုပ်ကိုင်ထားပြီ ...
ဒေါ်စု လွှတ်တော် ဥက္ကဌ ဖြစ်ဖို့ များနေပြီ ...
ဆိုလိုတာက ဒါနဲ့ တင် အများကြီးပြောင်းလဲသွားပြီ ...
အစိုးရလဲ ဖြစ်မယ် ...
အစိုးရ အထက်က သမ္မတ အထက်ကလဲ ....
သူ နေဦးမယ်ဆို ရင် ...
ဒါ ဒီမိုကရေစီမှ မဟုတ်ဘဲ ...
ကျွန်တော်တို့ လိုချင်တာ ဒီမိုကရေစီကို လိုချင်တာ ....
ရှင်းရှင်းပြောရရင် ...
အာဏာသုံးရပ်ကို ချုပ်ကိုင်တဲ့  ဦးသန်းရွှေဆင်းသွားပြီး ...
အာဏာနှစ်ရပ်ကို ချုပ်ကိုင်တဲ့ ဒေါ်စုတက်လာမှာ ...
လုံးဝ ( လုံးဝ ) သဘောမကျဘူး ...
ဒါကြောင့် NLD ကို မဲမပေး ...
NDF ဒါမှမဟုတ် NDP ...
သူတို့ မရှိရင်တော့ ပြည်ခိုင်ဖြိုးကို ပေးမယ် ...
ခြင်္သေ့ ကို ချစ်လွန်းလို့ မဟုတ် ...
ဒေါင်းတွေ အုပ်စုဖွဲ့ ပြီး ....
ဒေါင်းအာဏာရှင်လုပ်လာမယ့် ...
အရိပ်အယောင်တွေ တွေ့ နေရလို့  ...
ပြောင်းလဲချိန်တန်ပြီ ....
ဘယ်ကလဲဆိုတော့ အာဏာရှင် စနစ် က ...... ။ ။ ။
( ရဲမိုး )
Credit-Ye Moe

No comments: