Saturday, November 7, 2015

သို့ / မေမေ စာမတတ်၊ ပေမတတ် အဘဘောမသားလေး .. လေးစားစွာနဲ့ စာရေးလိုက်ပါတယ် မေမေ ..

သို့ / မေမေ
စာမတတ်၊ ပေမတတ် အဘဘောမသားလေး ..
လေးစားစွာနဲ့ စာရေးလိုက်ပါတယ် မေမေ ..
မေမေ မကြာခင် တစ်ကမ္ဘာလုံးမှာ မရှိသေးတဲ့ ..
သမ္မတချုပ်မှုးကြီး ရာထူးရတော့မယ်လို့ ..
မေမေ့ကို အားပေးနေသူတွေဆီကသတင်းတွေကို ..
ဖွဘုတ်ကြီးက တစ်ဆင့် ကြားသိနေရတော့ ..
ဝမ်းသာပါတယ် မေမေ ..
နောက်ပီး မေမေသွားတဲ့နေရာတွေမှာ ..
ပရိတ်သတ်တွေ သိန်းချီလာတယ်လို့ ..
သားတို့ဆီက ဂျာနယ်တွေမှာ တွေ့ရတယ် မေမေ ..
သား .. တစ်ဂယ်ကြီး ဝမ်းသာမိပါတယ်မေမေ ..
ဘာလို့လဲဆိုတော့ သားတို့ပြည်သူတွေကို ..
ပိုက်ဆံတပြားမှ မပေးရပဲ ..
နံမည်ကြီး အနုပညာရှင်တွေ ဖျော်ဖြေတာကို ..
အလကားတစ်ဝကြီး ကြည့်ရအောင် ..
မေမေနဲ့ တစ်ပါတည်း ..
အနုပညာရှင်တွေကို ပွဲတိုင်းလိုက်နိုင်အောင် ..
စနစ်တကျစီစဉ်ပေးခဲ့လို့ပါ မေမေ ..
သားတို့ .. သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ ..
ခါတိုင်း လက်မှတ်တွေ ဈေးကြီးပေးဝယ် ..
တိုးကြိတ်ကြည့်ရတဲ့ စတိတ်ရှိုးတွေကို ..
နေရာအနှံ့ ဖရီးကြည့်ရတော့ ..
လူတွေကလဲလွှတ်စည်တာပေါ့ မေမေရယ် ..
ဒါမယ့် .. လာတဲ့သူတွေက ..
ဖျော်ဖြေပွဲတွေ ပီးတာနဲ့ ပြန်ပြန်တွားကြတာတော့ ..
သားလဲ စိတ်မကောင်းပါပု မေမေ ..
ဒါနဲ့ စကားမစပ် ..
မေမေ့ကို သားပြောဆြာတွေရှိတယ်မေမေ ..
သားနားမလည်နိုင်တဲ့ ကိစ္စတွေပေါ့မေမေ ..
မေမေလည်း သားလိုတော့ ဖြည့်တွေးပေါ့ ..
ဖွဘုတ်ပေါ်က မေ့မေ့ကို ဝန်းရံသူတွေကလေ ..
သားလိုက်မမှီတဲ့ အကြီးကြီးတွေ ..
အရမ်းပြောတာပဲ မေမေရယ် ..
သမ္မတနေရာကို ခွေးညိုလေးထားမယ်တဲ့မေမေ ..
ခွေးညိုလေးထားမှတော့ ..
မေမေ သမ္မတချုပ်မှုးကြီး ရာထူးရရင် ..
ဘယ်လိုလုပ်မလဲ မေမေရယ် ..
သားဖြင့် တွေးတောင်းတွေးရဲဘူး ..
ပြီးတော့ ပရိတ်ကြီး ၁၁ သုတ်ကိုလဲ
၁၂ သုတ်ဆိုပီး ၁ သုတ်တိုးလိုက်တာ ..
သားတော်တော် လန့်တွားတယ်မေမေ ..
ဒါမယ့် .. သူတို့ တော်လို့နေမှာပါဆိုပီး ..
သားဖြည့်တွေးပေးလိုက်ပါတယ် မေမေ ..
ပြီးတော့ ၅၁ သန်းပဲရှိပါတယ်ဆိုတဲ့ ..
သားတို့ နိုင်ငံသားတွေကိုလည်း ..
သူတို့သဘောနဲ့ သူတို့ ..
သန်း ၉၀ လုပ်လိုက်တယ် မေမေ ..
သားဖြင့် အံ့ဩလို့ မဆုံးဘူး ..
နောက်ပြီး သားတစ်ခါမှ မမြင်ဖူးတဲ့ ..
သင်္ချာတွက်နည်းလဲ သူတို့တတ်ကြတယ် မေမေ ..
100.99% တဲ့မေမေ ..
သားကပဲ သူတို့ပြောသလို ..
ပညာမဲ့လို့ပဲလားတော့ မသိပါဘူး မေမေရယ် ..
သူတို့ပြောတဲ့ 100.99% ဆိုတာကြီးကို ..
သားစဉ်းစားလို့ကို ရဘူးဖစ်နေတယ် ..
နောက်တစ်ခုကတော့ အကြံပေးချင်တာပါမေမေ ..
လတ်တလောမှ နံမည်ကြီးသွားတဲ့ ..
သိုင်းဆြာကြီး တစ်ဦးပါမေမေ ..
သူက ၆ ပေရှည်တဲ့ ဓားကြီးကိုတောင် ..
လွတ်အောင်ရှောင်နိုင်တယ်တဲ့ မေမေ ..
သူ့ကို မေမေ့ကားကို တွယ်စီးနေကြတဲ့
လူဝကြီးတွေနေရာမှာ အာ့သိုင်းဆြာကြီးကိုထားဖို့
မေမေ ရွေးချယ်သင့်တယ်ထင်တယ် မေမေ ..
သားက စေတနာနဲ့ ပြောတာပါနော်မေမေ ..
အင်း .. အခု သားလဲစာရေးရင်း ရှည်လာပြီဆိုတော့ ..
ဒီလောက်နဲ့ပဲ တော်သေးဘီ မေမေရေ ..
များများရေမိရင် သားကို ..
မေ့မေ့ဝန်းရံသူတွေက လာဆဲကြတော့မှာမို့ ..
သားကြောက်လို့ပါမေမေ ..
အာ့ကြောင့် မေမေ ကျန်းမာ ၊ လမ်းဖြာစွာနဲ့ ..
ပြက္ကဒိန်တွေ နှစ်စဉ်ရိုက်ပီး ..
သမ္မတချုပ်မှုးကြီး လုပ်နိုင်ပါစေလို့ ..
စာမတတ်၊ ပေမတတ် အဘဘောမသားလေး ..
ဆုတောင်းရင်း နှုတ်ဆက်လိုက်ပျဇေနော် မေမေ ..
လေးစားလျက် ,
သားမောင်
အမှတ် ၅၉(စ) ၊ ဒေါင်းသေချောင်းအနီး ၊
အမြဲစိမ်းတော အရပ် ၊ အမ်းဂရီးဘတ်ကျေးရွာ ။
××××××××××××××
သမ္မတချုပ်မှူးကြီး ဖြစ်ချင်သူတစ်ဦး နှင့်
နောက်လိုက်အပေါင်းသို့ သရော်စာ .....
Aye Chan Min

No comments: