Saturday, November 7, 2015

ဒီရွေးကောက်ပွဲ အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံးအတွက်၊ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ ပေးမယ့် မဲတွေ အရေးကြီးပါတယ်။ ခုချိန်မှာ အမျိုးမျိုးပြောနေကြတယ်။ နားထောင်ပါ။ ကိုယ့်ဦးနှောက်နဲ့ ကိုယ် စဉ်းစားကြပါ။

ဒီရွေးကောက်ပွဲ အရေးကြီးပါတယ်။
ကျွန်တော်တို့အားလုံးအတွက်၊ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ ပေးမယ့် မဲတွေ အရေးကြီးပါတယ်။
ခုချိန်မှာ အမျိုးမျိုးပြောနေကြတယ်။ နားထောင်ပါ။ ကိုယ့်ဦးနှောက်နဲ့ ကိုယ် စဉ်းစားကြပါ။

ဒီပွဲက အမျိုးသားရေး နဲ့ လူ့အခွင့်အရေး ထိပ်တိုက်တွေ့တဲ့ပွဲ လို့ ပြောကြပါတယ်။ ဒီအမြင်နဲ့ ကြည့်ရင်တော့ အဖြေက ရှင်းပါတယ်။ အမျိုးသားရေအတွက် အလေးမထားဘဲ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ NLD ကို မဲပေးစရာ အကြောင်းကို မရှိပါဘူး။ ဒေါ်စုနားမှာ မျက်နှာဖြူတွေ လိုက်လုပ်ပေးနေတာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုရင် ပြည်ပ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ရှိတဲ့သူတွေကို မဲမပေးနဲ့ ဆိုပြီး ပြောတဲ့စကားအရ ကြည့်မယ် ဆိုရင်၊ နောက် တစ်နိုင်ငံလုံး လက်မခံနိုင်တဲ့ ဘင်္ဂလီနဲ့ ပတ်သက်တဲ့ NLD ရဲ့ ပြောကြားချက်တွေ၊ မူဝါဒတွေကို ကြည့်ရင် NLD ကို ထောက်ခံစရာ အကြောင်း မရှိဘူး။ ဒါနဲ့ လုံလောက်ပြီလား။ မလုံလောက်သေးပါဘူး။

ဒေါ်စုနဲ့ ဦးသိန်းစိန် ၂ ယောက်ထဲက ရွေးရမှာမှ မဟုတ်တာ။ ခေါင်းဆောင်တွေ ကြည့်မယ် ဆိုရင်-
ဦးသိန်းစိန်လက်ထက်မှာ အပြောင်းအလဲတွေ သိသိသာသာ ဖြစ်မလာဘူး။ စစ်အာဏာရှင် လက်အောက်က ရုန်းထွက်ဖို့ ပြောင်းလဲဖို့ အချိန်တန်ပြီ ဆိုပြီး ပြောကြတယ်။ မှန်ပါတယ်။ ဦးသိန်းစိန်က စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက် ယူနီဖောင်းလဲထားတာ။

NLD မထောက်ခံရင်ပဲ တိုင်းပြည်သစ္စာဖောက်လိုလို၊ ကပ်ဖားရပ်ဖားလိုလို ပြောနေတာတွေလည်း တွေ့ရပါတယ်။ ဒေါ်စု ကောင်းပါတယ်။ ဗိုလ်ချုပ်သမီးပါ။ တန်ဖိုး ရှိပါတယ်။ NLD ကို မဲပေးလည်း သူ သမ္မတ ဖြစ်လာမှာ မဟုတ်ဘူး။ သမ္မတ ဘယ်သူဖြစ်မယ်မှန်းလဲ မသိဘူး။

ဒေါ်စုက ငြိမ်းချမ်းရေးနိုဗဲဆု ရတယ်။ ဦးသိန်းစိန်က အမေရိကန် တရားရုံးမှာ တရားစွဲခံရတယ်။ လက်နက်ကိုင်တွေနဲ့ အပစ်ရပ်စာချုပ်ချုပ်နိုင်ခဲ့တယ်။
ဒေါ်စု သွားလေရာ ဂုဏ်ထူးဆောင်ဧည့်သည်မျိုး ကြိုဆိုကြတယ်။ ဒီတော့ ဦးသိန်းစိန်ကို မေ့နေကြတယ်။ အာဏာရှင်တွေဟာ ဘယ်တော့မှ သူနဲ့ ပြိုင်နိုင်တဲ့သူ၊ ပုခုံးချင်းယှဉ်မယ့်သူ လွှတ်မထားဘူး။ ရှင်းပစ်တာ။ ဦးသိန်းစိန်ကတော့ ထူးခြားတယ်။ ဒေါ်စုကို ပွဲတက်ခွင့် ပေးထားတယ်။

ဒေါ်စု ပြောတဲ့ အပြောင်းအလဲဆိုတာ လူပြောင်းသွားတာ၊ ပါတီ ပြောင်းသွားတာကို ဆိုလိုချင်တာလား။ ဘာတွေ ပြောင်းလဲမယ် ဆိုတာ တိတိကျကျ ရေရေ ရာရာ မရှိဘူး။ ဒီမိုအုပ်စုတွေကလည်း အမေစုနိုင်ရင် ချမ်းသာပြီ ဆိုပြီး ပြောနေကြတယ်။ တကယ် ချမ်းသာမှာလား။ ကျွန်တော်တို့မှာ ဦးနှောက် ရှိပါတယ်။ စဉ်းစားကြပါ။

ဒေါ်စုက ပြောတယ်။ လူကိုမကြည့်နဲ့ တဲ့။။ ဘာဖြစ်လို့လဲ။ ကျွန်တော် အဖြေရှာကြည့်တယ်။ သိပ်ဝေးဝေး ကြည့်စရာ မလိုပါဘူး။ ကိုယ်မဲပေးရမယ့် NLD ကိုယ်စားလှယ်လောင်းတွေအကြောင်း လေ့လာတော့ ဒေါ်စု ပြောတဲ့ လူကို မကြည့်နဲ့ ဆိုတဲ့ အဖြေ ရတယ်။ မိတ်ဆွေတို့လည်း ကိုယ်မဲပေးရမယ့် ကိုယ်စားလှယ်တွေ အကြောင်း မေးမြန်းစုံစမ်းကြည့်ကြပါ။ ဘယ်လို အကျင့်စာရိတ္တလဲ။ ဘာတွေ လုပ်ခဲ့သလဲ လေ့လာကြပါ။ ကျွန်တော်တို့ မြို့မှာတော့ မစွံရေးချ မစွံတွေ။

ခေါင်းဆောင်တွေပြီးရင် လက်အောက်ငယ်သားတွေ ကြည့်ပါ။ ကျွန်တော် ဒီဟာကို တင်တာနဲ့ ဝိုင်းပြီး ဆဲကြမယ်။ နိုင်ငံတော်သစ္စာဖောက် တယောက်လို ဝိုင်းအော်ကြမယ်။ အပြင်မှာ ဆိုရင် ပိုဆိုးတယ်။ ပညာမတတ်၊ အလုပ်မရှိ၊ ကလေကချေလိုကောင်တွေက အနီတွေ ဝတ်ပြီး လူအုပ်နဲ့ ဝိုင်းပြီး အာကြသေးတယ်။ အခုလဲ မဲဆွယ် စည်းရုံးတာ အကြောင်းပြပြီး မူးရူးနေကြတာ။ ဘုရားမှန်း မသိ၊ တရားမှန်းမသိ။ နှိမ်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်လိုက်ရင် ဒီလို လူတွေချည်းပဲ။

ဒေါ်စုကို လေးစားပါတယ်။ ဒါပေမယ့် ဒေါ်စု ဘာတွေ လုပ်ပေးခဲ့ပြီလဲ။ အစိုးရကို မကောင်းပြောတဲ့နေရာမှာတော့ NLD တွေ အကုန်လုံး တစ်သံတည်းပဲ။ ဖုန်းဈေး ၁၅၀၀ တကယ် ဖြစ်နေတာ။ သူများနိုင်ငံတွေမှာဆို ဘယ်လိုဘယ်ညာ ပြောကြတယ်။ ဒါပေမယ့် ဘာပဲ ပြောပြော ဦးသိန်းစိန် လုပ်ပေးခဲ့တာ အမှန်ပဲ။ ကားဈေးတွေ သက်သာသွားတယ်။ ရွာတွေမှာဆို ပစ်ကပ်ကားလေးတွေနဲ့ ဘုရားဖူး သွားကြ၊ ပစ္စည်းသယ်ကြ ဟုတ်နေတယ်။ အရင်ကတော့ ထော်လာဂျီတောင် နပ်မှန်တာ မဟုတ်ဘူး။ လမ်းတွေ ကောင်းလာတာလဲ အမှန်။ မီးတွေ ရလာတာလဲ အမှန်။

ကောင်းကွက်တွေတော့ ဒီအချိန်မှာ ထည့်စဉ်းစားရမယ်။ ဦးသိန်းစိန်အစိုးရ စင်းလုံးမချောဘူး။ လုပ်နိုင်တယ်။ လုပ်နိုင်စွမ်းရှိတယ်။ NLD မှာလဲ လူတော်တွေ ပါတာပဲ ပြောကြတယ်။ ဒီလို ဗရုတ်သုတ်ခတွေနဲ့ ဒီနိုင်ငံ ဘယ်လို ဆက်သွားကြမလဲ။

ရှင်းရှင်း ပြောရရင် ကျွန်တော်တို့ နိုင်ငံက လုပ်ချင်တိုင်း လုပ်တဲ့ ဒီမိုကရေစီမျိုးနဲ့ မဖြစ်လောက်သေးဘူး။ NLD တွေ အနီတွေ ရဲတွေကို ပြန်ဆဲတယ်။ ဝန်ထမ်းတွေကို ပြန်ပြီး ပြဿနာ ရှာတယ်။ စစ်တပ်မှ ကြောက်ကြတာ။ ဒါ အမှန်ပဲ။ NLD ကွ ဆိုပြီး ဘယ်သူ့မှ ဂရုမစိုက်တဲ့ အပေါက်တွေ ချိုးတယ်။ ဒီကောင်တွေသာ အာဏာရလာရင် ဆိုတာ တွေးမိတယ်။ အဆင့်အတန်းမရှိဘူး။ မိုက်ရိုင်းတယ်။ တော်တော်များများက အမြင်ကပ်နေကြပြီ။ စကားနည်း ရန်စဲ ဘာမှ မပြောတာကို အဟုတ်ကြီး ထင်နေကြတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် လူတွေက NLD အနီကောင်တွေကို သောက်မြင် ကပ်နေပြီ။ လော်စပီကာနဲ့ နှိပ်စက်၊ ဆူညံသံနဲ့ နှိပ်စက်၊ စည်းမရှိ ကမ်းမရှိ ဒီကောင်တွေနဲ့ ဒီနိုင်ငံ ကြာကြာ ခံမှာ မဟုတ်ဘူး။
အခုနောက်ဆုံး ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘာဖြစ်လို့ အတူတွဲပြီး ခရီးသွားနေကြတာလဲ။ သူတို့ ပြည်သူကို ပေးချင်တဲ့ Message က ဘာလဲ။

သမ္မတကြီး ပြောနေတဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေ ဒုက္ခပင်လယ်ဝေနေတာတွေကို ဘာဖြစ်လို့ သတိပေးနေတာလဲ။ ကျွန်တော်တို့ကို ဘာပြောချင်နေတာလဲ။

ဒေါ်စုပြောတဲ့ သမ္မတ အထက်က နေမယ် ဆိုတာကို နိုင်ငံတကာက စိတ်ပျက် လက်ပျက် ဘာဖြစ်လို့ တုံ့ပြန်ကြတာလဲ။ ဒေါ်စုကို ဖယ်လိုက်ရင် NLD ဆိုတာ သုညပဲ။ ဒါဆိုရင် ဒေါ်စု သမ္မတ မဖြစ်တဲ့ အစိုးရ ဘာလုပ်နိုင်မှာလဲ။
ဒေါ်စု မဲဆွယ်နေတဲ့ အချိန်မှာ ဦးသိန်းစိန်က ရေဘေးကယ်ဆယ်ရေး သွားနေတာ ကြည့်ရင် စဉ်းစားစရာတွေ ပေါ်မယ်။

နောက်တစ်ချက်က နောင်လာမယ့် အစိုးရ ပိုကောင်းလာဖို့ ရှိတယ်။ ဦးသိန်းစိန် ဆက်လုပ်ရင် ဒီထက် ပိုကောင်းလာနိုင်မလား။ စဉ်းစားဖို့ လိုတယ်။
ဒါပေမယ့် အစိမ်းတက်တက်၊ အနီတက်တက် ကိုယ်လုပ်မှာ ကိုယ်စားရမှာ။ ဘာမှမလုပ်ဘဲ ထမင်းဝဖို့ကတော့ ဒီနိုင်ငံမှာ လုံးဝ မဖြစ်နိုင်ဘူး။
အားလုံးပဲ ကိုယ့်ဘာသာ ကိုယ် စဉ်းစားကြည့်ကြပါ။ ကျွန်တော်တို့ ပေးမယ့် မဲတွေက ဒီနိုင်ငံကို အဆုံးအဖြတ် ပေးကြမှာပါပဲ။
ပြောင်းလိုက်ရင် မလဲဖို့ လိုတယ်။ ကျွန်တော် ပြောချင်တာက မလဲဖို့၊ လဲမကျဖို့ လိုပါတယ်။

ဝုန်းဒိုင်းဆို ချက်ချင်း လက်ငင်း ထီပေါက်သလို ပြောင်းလဲဖို့ ဆိုတာ မလွယ်ပါဘူး။ အဲဒါ အားလုံးသိပါတယ်။
ဒေါ်စု ပြောတဲ့အတိုင်း NLD ကိုသာ မျက်စေ့မှိတ်ပြီး ထောက်ခံမှာလား။ ကျွန်တော်တို့ ပြည်သူတွေ ငတုံးတွေ မဟုတ်ပါဘူး။ လူထုကို လျှော့တွက်လွန်းတယ်။ အမှန်က NLD ဘာတွေ လုပ်မယ်၊ ဘာတွေ ဘယ်လို ဖြစ်အောင် ပြောင်းလဲပေးမယ် ဆိုတာ မရှိဘူး။
အစိုးရနဲ့ စစ်တပ်ကို မထိသလို ရိသလို အပုပ်ချပြီး မဲဆွယ်နေတဲ့ NLD ဟောပြောပွဲတွေကို ကြာလာတော့ စိတ်ပျက်လာပြီ။ စည်းမရှိ ကမ်းမရှိ လုပ်ချင်သလို လုပ် ဗရုတ်သုတ်ခတွေ၊ အာဏာ မရသေးဘူး ဘုန်းကြီးမရှောင် သာသနာ မချန် အာဏာပြ ခြိမ်းခြောက်နေတဲ့ အနီကောင်တွေကို စိတ်ကုန်လာပြီ။

ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဘယ်သူ ဘာပြောပြော ကျွန်ေ်တ်ာတို့ ပြည်သူတွေမှ ဦးနှောက်ရှိပါတယ်။

စဉ်းစားတတ်ပါတယ်။ ကိုယ်ကြိုက်မှ ကိုယ်ပေးမယ်။ ဒါပါပဲ။ ကျွန်တော်တို့မှာ လွတ်လပ်စွာ မဲပေးခွင့် ရှိပါတယ်။ လွတ်လပ်စွာ သုံးသပ်ခွင့် ရှိပါတယ်။ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဒီမို အမည်ခံတွေက ကိုယ့်ဖို့ပဲ ဒီမိုဆိုတာတွေကို ကျွန်တော် စိတ်ပျက်လက်ပျက် ဖြစ်နေတာ ကြာပါပြီ။
အခု စာရေးနေတဲ့အချိန်မှာ ၂၀၁၀ မတိုင်ခင်က အခြေအနေတွေကို ပြန်ပြီး တွေးမိပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အခြေအနေတွေ ပြန်ပြီး သုံးသပ်မိပါတယ်။

ကျွန်တော် မဲရုံ သွားတဲ့အချိန်မှာ ဦးသိန်းစိန်ရဲ့ အေးအေးချမ်းချမ်း သဘောထား ပြည့်ဝတဲ့ မျက်နှာကို မြင်နေမိလိမ့်မယ် ထင်ပါတယ်။
Credit - အောင်သန်း

No comments: