ရိုင်းပုံပြည်ကျော် မသူတော်
**********************
ဒီဒီ ( De De )
စုသဘော
ရောပါလို့ တို့ပြည်ပါ
ရွာဘုံကျွန်ဖြစ်ခဲ့။
လာပြီအခု
စုသဘော ကျောသူကိုင် ထိုင်သူခေါင်းငြိမ့်တဲ့။
သမ္မတ
ဘဝဆိုး ကြိုးထိုးကိုင်
ထိုင်လိုက်ဟဲ့။
စုသဘော
ပြောရရင် မြင်သမျှ
သမ္မတသက်မဲ့။
သမိုင်းလှန်
ပြန်ကာကြည့် သိစေချင်
ရင်လေးမိသကွဲ့။
ငါသာမြတ်
တတ်သည်ထင် စင်အောင်လွဲ
ကွဲသံဃာနဲ့။
ဘာသာထက်
မက်အာဏာ စွာမိုက်ရိုင်း
တိုင်းပြည်ကျော်ရဲ့။
No comments:
Post a Comment