မိမိနေရာ ဆက်ခံရန် ဂွါဒီယိုလာကို အလိုရှိခဲ့ဟု ဖာဂူဆန် ထုတ်ဖော်ပြော
Wednesday, September 23, 2015
၂၀၁၃ က မန်ယူမန်နေ ဂျာအဖြစ် မိမိနေရာအား ဆက်ခံ ရန် အခွင့်အရေးကို ဂွါဒီယိုလာက ပယ်ချခဲ့သည်ဟု အဲလက်စ်ဖာဂူ ဆန်က ထုတ်ဖော်ပြောကြား လိုက်သည်။
မန်ယူကို ၂၆ နှစ်ကြာ ကိုင် တွယ်မှုအား ဖာဂူဆန်က ၂၀၁၂-၁၃ ရာသီတွင် အဆုံးသတ်ခဲ့ပြီး မိုယက်စ်အား မန်နေဂျာအဖြစ် ရွေးချယ်ခဲ့သည်။
မိုယက်စ်သည် မန်ယူကို ၅၁ ပွဲ ကိုင်တွယ်ခဲ့ပြီး ၂၇ ပွဲသာ အ နိုင်ရရှိပြီးနောက် တစ်နှစ်မပြည့် မီ ထုတ်ပယ်ခံခဲ့ရသည်။
မန်ယူနည်းပြရာထူးအတွက် ပထမဦးစားပေးမှာ ဂွါဒီယိုလာ ဖြစ်ခဲ့ပြီး မိုယက်စ်မဟုတ်ဟု ၎င်း ၏ စာအုပ်ဖြန့်ချိပွဲ အခမ်းအနား တွင် ဖာဂူဆန်က ဒေးလ်လီးတယ် လီဂရပ်ဖ်သတင်းစာအား ပြော ကြားသည်။
၂၀၁၂ က နယူးယောက်မြို့ တွင် ဂွါဒီယိုလာနှင့်အတူ ညစာ စားခဲ့ပြီး ထိုအချိန်က အနားယူရန် စိတ်မကူးသေး၍ ဂွါဒီယိုလာအား မိမိနေရာဆက်ခံရန် တိုက်ရိုက် ကမ်းလှမ်းမှု မလုပ်ခဲ့သော်လည်း အခြားကလပ်အသင်းတစ်ခုခုသို့ ပြောင်းရွှေ့ရန် မစဉ်းစားဖို့ မိမိထံ ဖုန်းဆက်ရန် ပြောကြားခဲ့သည် ဟု ဖာဂူဆန်က ပြောသည်။
သို့သော် ဂွါဒီယိုလာက ဖုန်း မဆက်ဘဲ ဘိုင်ယန်မြူးနစ်သို့ ရောက်ရှိသွားသည်ဟု ဖာဂူဆန် က ပြောကြားသည်။
Ref: Goal
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment