Thursday, September 24, 2015

ဇနီးသည် အန်နီနှင့် အာစင်ဝင်းဂါး ကွာရှင်းပြတ်စဲရန် သဘောတူညီမှုရ

ဇနီးသည် အန်နီနှင့် အာစင်ဝင်းဂါး ကွာရှင်းပြတ်စဲရန် သဘောတူညီမှုရ

လန်ဒန် စက်တင်ဘာ ၂၃

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၂ဝ၁ဝ ပြည့်နှစ်က တရားဝင် လက်ထပ်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ် သမီး တစ်ဦးပင် မွေးပေးခဲ့သော ဇနီးသည် အန်နီနှင့် ကွာရှင်းပြတ်စဲရန် နှစ်ဦးသဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း The Sun သတင်းစာမှ ဖော်ပြထားသည်။

လက်ရှိအချိန်အထိ ဝင်းဂါးသည် အန်နီအတွက် စရိတ်ထောက်ပံ့ နေရဆဲဖြစ်ပြီး နှစ်ဦးစလုံးဘက်မှ ပိုင်ဆိုင်မှု ခွဲဝေခြင်း သဘောတူညီချက်များပါ ရယူကာ ပဲရစ်တွင် တရားသူကြီး တစ်ဦးရှေ့၌ ကွာရှင်းကြရန် သဘောတူညီမှု ရယူကာ နောက်နှစ်နှစ် အကြာတွင် အလိုအလျောက် ကွာရှင်းသွားမည်ဟု ဆိုသည်။ ဝင်းဂါးသည် အန်နီနှင့် လက်မထပ်မီက အသက် ၃၉ နှစ်အရွယ် ပြင်သစ်ရပ်ပါ ဆိုနီယာတာတာနှင့် ဇာတ်လမ်းရှုပ်ခဲ့ပြီး ယခုထိလည်း အတူနေကြဖွယ်ရှိသည်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: