Thursday, September 24, 2015

အသစ္ထြက္ေပၚလာမည့္ ေအာ္ပေရတာအပါအဝင္ ေအာ္ပေရတာ ေလးခုလံုးအား ဝန္ႀကီးဌာနမွ တစ္ေျပးညီ ေစာင့္ၾကည့္မည္ ==

အသစ္ထြက္ေပၚလာမည့္ ေအာ္ပေရတာအပါအဝင္ ေအာ္ပေရတာ ေလးခုလံုးအား ဝန္ႀကီးဌာနမွ တစ္ေျပးညီ ေစာင့္ၾကည့္မည္
==
အသစ္ထြက္ေပၚလာမည့္ ေအာ္ပေရတာ အပါအဝင္ ေအာ္ပေရတာေလးခုလံုးအား ဝန္ႀကီးဌာနမွ တစ္ေျပးညီ ေစာင့္ၾကည့္မည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးညႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။

ျပည္တြင္းျပည္ပ ေအာ္ပေရတာအားလံုးအား တစ္ေျပးညီေစာင့္ၾကည့္မည္ျဖစ္ေၾကာင္း၊ လိုအပ္သည့္ လမ္းညႊန္မႈ အတူတူ ေပးအပ္သြားမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးညႊန္ၾကားမႈ ဦးစီးဌာနမွ ဒါ႐ိုက္တာ ဦးသန္းထြန္းေအာင္ က ေျပာၾကားသည္။

“ခ်ေပးလုိက္တဲ့ လုိင္စင္အမ်ဳိးအစားအရ ေအာ္ပေရတာအားလံုးက လုပ္ပုိင္ခြင့္ရွိတာခ်င္း အတူတူပဲ။ ေအာ္ပေရတာတစ္ခု လုပ္ခြင့္ရွိတာကုိ အျခားေအာ္ပေရတာကလည္း လုပ္ခြင့္ရွိတယ္။ ဆုိလုိတာက ေအာ္ပေရတာေလးခုစလံုးက ဆက္သြယ္ေရးဥပေဒအရ လုပ္ခြင့္ရွိတဲ့လုပ္ငန္းေတြ အားလံုးကုိ သူတုိ႔လုပ္ခ်င္ရင္ လုပ္ခြင့္ရွိတယ္။ ေနာက္တစ္ခါ ကၽြန္ေတာ္တို႔က လမ္းညႊန္တယ္၊ ကြပ္ကဲတယ္ဆုိတာလည္း အတူတူပဲ” ဟု ေျပာၾကားသည္။

လက္ရွိေလးခုေျမာက္ ေအာ္ပေရတာကို ေရြးခ်ယ္ေနဆဲ ျဖစ္သည္။ အသစ္ခန္႔အပ္မည္ျဖစ္သည့္ ေလးခုေျမာက္ ဆက္သြယ္ေရး ေအာ္ပေရတာသည္ အျခားေသာ ဆက္သြယ္ေရး ေအာ္ပေရတာမ်ား နည္းတူ လုပ္ငန္းလိုင္စင္ ၁၅ ႏွစ္အၾကာ ရရွိမည္ျဖစ္ၿပီး အခြန္အခမ်ားကိုလည္း သတ္မွတ္ထားသည့္အတိုင္း ေပးသြင္းရမည္ ျဖစ္သည္။

“ကၽြန္ေတာ္တုိ႔ ဝန္ႀကီးဌာနက တစ္ေျပးညီ သူတုိ႔လုပ္တာကုိ ေစာင့္ၾကည့္မွာျဖစ္သလုိ တယ္လီေနာ၊ အူရီဒူးတုိ႔ကုိလည္း ေစာင့္ၾကည့္တာ လုပ္မယ္။ လုိအပ္တဲ့လမ္းညႊန္မႈ ေပးမယ္။ အတူတူပါပဲ” ဟု ဆက္လက္ေျပာၾကားသည္။

########

အသစ်ထွက်ပေါ်လာမည့် အော်ပရေတာအပါအဝင် အော်ပရေတာ လေးခုလုံးအား ဝန်ကြီးဌာနမှ တစ်ပြေးညီ စောင့်ကြည့်မည်
==
အသစ်ထွက်ပေါ်လာမည့် အော်ပရေတာ အပါအဝင် အော်ပရေတာလေးခုလုံးအား ဝန်ကြီးဌာနမှ တစ်ပြေးညီ စောင့်ကြည့်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြည်တွင်းပြည်ပ အော်ပရေတာအားလုံးအား တစ်ပြေးညီစောင့်ကြည့်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် လမ်းညွှန်မှု အတူတူ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒါရိုက်တာ ဦးသန်းထွန်းအောင် က ပြောကြားသည်။

“ချပေးလိုက်တဲ့ လိုင်စင်အမျိုးအစားအရ အော်ပရေတာအားလုံးက လုပ်ပိုင်ခွင့်ရှိတာချင်း အတူတူပဲ။ အော်ပရေတာတစ်ခု လုပ်ခွင့်ရှိတာကို အခြားအော်ပရေတာကလည်း လုပ်ခွင့်ရှိတယ်။ ဆိုလိုတာက အော်ပရေတာလေးခုစလုံးက ဆက်သွယ်ရေးဥပဒေအရ လုပ်ခွင့်ရှိတဲ့လုပ်ငန်းတွေ အားလုံးကို သူတို့လုပ်ချင်ရင် လုပ်ခွင့်ရှိတယ်။ နောက်တစ်ခါ ကျွန်တော်တို့က လမ်းညွှန်တယ်၊ ကွပ်ကဲတယ်ဆိုတာလည်း အတူတူပဲ” ဟု ပြောကြားသည်။

လက်ရှိလေးခုမြောက် အော်ပရေတာကို ရွေးချယ်နေဆဲ ဖြစ်သည်။ အသစ်ခန့်အပ်မည်ဖြစ်သည့် လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာသည် အခြားသော ဆက်သွယ်ရေး အော်ပရေတာများ နည်းတူ လုပ်ငန်းလိုင်စင် ၁၅ နှစ်အကြာ ရရှိမည်ဖြစ်ပြီး အခွန်အခများကိုလည်း သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းရမည် ဖြစ်သည်။

“ကျွန်တော်တို့ ဝန်ကြီးဌာနက တစ်ပြေးညီ သူတို့လုပ်တာကို စောင့်ကြည့်မှာဖြစ်သလို တယ်လီနော၊ အူရီဒူးတို့ကိုလည်း စောင့်ကြည့်တာ လုပ်မယ်။ လိုအပ်တဲ့လမ်းညွှန်မှု ပေးမယ်။ အတူတူပါပဲ” ဟု ဆက်လက်ပြောကြားသည်။
http://www.internetjournal.media/news/4231



မဲစာရင္းမွာ သင့္အမည္ စစ္ျပီးျပီလား။ သင့္အမည္မပါရင္/ ကိုယ္ေရးအခ်က္အလက္ေတြမွားေနရင္ သတ္မွတ္ပံုစံမ်ားကို ျဖည့္စြက္/ျပင္ဆင္ျပီး မဲေပးႏိုင္ေအာင္ေဆာင္ရြက္ပါ။

No comments: