Thursday, October 6, 2016

နမ္မတူမြို့ရှိ လီဆူစစ်ရှောင်စခန်းနေပြည်သူများ ဆောင်းရာသီအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များလို အပ်နေ

Posted: October 6, 2016

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ရှိ လီဆူစစ်ရှောင်စခန်းနေ ပြည်သူများ မှာ ဆောင်းရာသီအတွက် စားနပ် ရိက္ခာနှင့် အနွေးထည်များ လိုအပ်နေပြီး အလှူရှင်များကို မျှော်လင့်နေရကြောင်း လီဆူစစ်ရှောင်စခန်းထံမှ သိရှိရသည်။

 

နမ္မတူမြို့နယ်၊ ပန်ကော့ကျေးရွာဒေသခံများကို တအာင်းလွတ်မြောက်ရေး တပ်မတော်(TNLA)မှ ဇူလိုင်လအ တွင်းက ကျေးရွာအတွင်းမှ ခေတ္တရှောင် တိမ်းစေခဲ့ခြင်းကြောင့် နမ္မတူမြို့တွင်ခိုလှုံနေကြရခြင်းဖြစ်ကာ အောက်တိုဘာ ၅ ရက်အထိ နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

 

“ကျွန်မတို့ကို တအာင်းတပ်ကနေပြီးတော့ ခဏရှောင်ပေးဆိုလို့ ပစ္စည်းတွေ သိမ်းပြီးတော့ ဒီနမ္မတူမြို့မှာ ရှိတဲ့ လီဆူဘုရားကျောင်းမှာ လာပြီးနေ တာပါ။ လောလောဆယ်မှာတော့ ဆောင်းရာသီ ရောက်လာပြီဆိုတော့ ကျောင်းသားတွေ၊ ကလေးတွေအတွက် အနွေးပစ္စည်းတွေတော့ လိုအပ်ပါ တယ်။’’ဟု ပန်ကော့ကျေးရွာမှ စစ်ရှောင်ပြည်သူ ဒေါ်ဆာရာကပြောသည်။

 

နမ္မတူမြို့ရှိ လီဆူဘုရားကျောင်းတွင် ခိုလှုံနေသည်မှာ (၃)လကျော် ကြာပြီဖြစ်သဖြင့် နေရပ်သို့ပြန်ကာ တောင်ယာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လိုကြကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။+

 

“လတ်တလောကတော့ စားဝတ်နေရေးက ကြာလာတော့ အခက်အခဲ ဖြစ်လာရပါတယ်။ တအာင်းအဖွဲ့က ရှောင်ခိုင်းလို့ ရောက် လာကြတာပါ။ အခက်အခဲကတော့ အများကြီး ရှိတာပေါ့’’ဟု လီဆုစစ်ရှောင်စခန်း တာဝန်ခံ ဦးဝမ်လုကပြောသည်။

 

လီဆူစစ်ရှောင်စခန်းတွင် မန်တုံမြို့နယ်၊ ပန်ကော့ကျေးရွာမှ လီဆူလူမျိုးများ နေထိုင်ကြပြီး ဇွန်လပထမပတ်မှ စတင်ရောက်ရှိနေခြင်းဖြစ် ကာ အိမ်ထောင်စု ၅၀ တွင် လူဦးရေ ၂၀၀ ကျော် ခိုလှုံနေကြသည့်အပြင် နမ္မတူမြို့ရှိ စစ်ရှောင်စခန်း ၂ ခုတွင် စစ်ရှောင်ပြည်သူ ၅၀၀ ဝန်းကျင်နေထိုင်ကြောင်း သိရသည်။

 

MMK

The Ladies News

No comments: