Thursday, October 6, 2016

မွတ်ဆလင်များနေထိုင်သည့် စစ်တွေ သက္ကယ်ပြင်ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

Posted: October 6, 2016

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်များနေထိုင်သည့် သက္ကယ်ပြင်ကျေးရွာတွင် အောက်တိုဘာ ၅ ရက် ည ၉ နာရီခွဲကျော်မှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ရာ စစ်တွေမြို့နယ်မီးသတ်တပ်ဖွဲ့မှ ငြှိမ်းသတ်ခဲ့ရကြောင်း သတင်းရရှိသည်။

 

“သက္ကယ်ပြင် မွတ်ဆလင်ရွာက ဦးမောင်မောင်တင်ရဲ့ ဈေးဆိုင်ပေါ့။ သူက ဘထ္ထရီအိုး မီးအားမြှင့်စက်နဲ့ ချိတ်ဆက်ထားတာ အပူလွန်ပြီးတော့ ၀ါယာရှော့ဖြစ်ပြီးလောင်တာ။ တခြားအိမ်တွေကိုတော့ ကူးစက်တာမရှိဘူး။ သူ့ဆိုင်အနောက်ဘက်မှာရှိတဲ့ ဆလွန်းကားတစ်စီး ကတော့ ပျက်စီးသွားတယ်။ ၁၀ ပေခန်း ၃ ခန်းတွဲပေါ့” ဟု စစ်တွေမြို့မ ရဲခန်းမှ ရဲမှုးသစ်ဆန်း က The Ladies သို့ပြောသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ၁၈၃၁/၂၀၁၆ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ မီးသတ်တပ်ဖွဲ့၏ တွက်ချက်ထုတ်ပြန်ချက်အရ ၆၅ သိန်းခန့်ရှိကြောင်း ရဲမှုးသစ်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။

 

ဇော်မင်းထွန်း

Photo - Development Media Group FB

The Ladies News

No comments: