Friday, October 7, 2016

ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပြီးဆုံးချိန်တွင် ဆက်လက်ဆွေးနွေးရန် ဥပဒေကြမ်း ၉ ခု ကျန်ရှိဟုဆို

Posted: October 7, 2016

 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောက်တိုဘာ ၇ ရက်  ပြီးဆုံးချိန်တွင် ဆက်လက်ဆွေးနွေးရန် ဥပဒေကြမ်း ၉ ခုကျန်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဥပဒေကြမ်းများအနေနဲ့ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း ၅ ခု အပါအဝင် ဆောင်ရွက်ဆဲဥပဒေကြမ်း ၁၉ ခုရှိပြီး အတည်ပြုဆောင်ရွက်နိုင်ခဲ့တဲ့ ဥပဒေကြမ်း ၁၀ ခု ဖြစ်ပါတယ်။ ဆက်လက်ဆွေးနွေးရန်အတွက် ဥပဒေကြမ်း ၉ ခု ကျန်ရှိပါတယ်။”ဟု ဦးဝင်းမြင့်က ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၅ ရက်က စတင်ကျင်းပခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ပြီးဆုံးပြီဖြစ်သည်။ အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၂၂၅ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၄၀၇ ခု မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုများအနေဖြင့် အရေးကြီးအဆို ၂ ခုအပါအဝင် အဆိုစုစုပေါင်း ၁၆ ခု တင်သွင်းဆောင်ရွက်နိုင်ခဲ့ပြီး အတည်ပြုအဆို ၄ ခု၊ မှတ်တမ်းတင်အဆို ၉ ခု၊ အတည်မပြုအဆို ၂ ခုနဲ့ ဆွေးနွေးရန်မသင့်အဆို ၁ ခုတို့ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။

ဇော်မင်းထွန်း

The Ladies News

No comments: