Friday, October 7, 2016

ဘန်ကောက်မြို့  ဧရာဝဏ် နတ်ကွန်း ဗုံးကွဲမှုနဲ့  ပါတ်သက်နေသူ မြန်မာနိုင်ငံသား(၃)ဦး မဲဆောက်မြို့ တွင်းမှာ ဖမ်းဆီးခံရ

 


၇-၁၀-၂၀၁၆

ထိုင်းနိုင်ငံ မဲဆောက်မြို့ မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား (၃)ဦးကိုသူတို့ နေထိုင်နေကြတဲ့ တိုက်တန်းတစ်ခုမှာ ထိုင်းတပ်ဖွဲ့ ဝင်တွေ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲကြောင်း ထိုင်း TV သတင်းဌာန PBS ရုပ်သံမှာဖေါ်ပြသွားပါတယ်။

မူဆလင် ဘာသာဝင်တွေလို့  ယူဆရတဲ့ အမျိုးသမီးနှစ်ဦးကတော့ Mrs Submit, 32, စူမစ် အသက်၃၂နှစ်၊ နဲ့  Mrs Rahebi, 23, ရဟီဘီ ၂၃နှစ် တို့ ဖြစ်ပါတယ်။

အမျိုးသားကတော့ Kwak Ti Ha, 43 က၀က်တီဟ အသက် (၄၃)နှစ် လို့  ရေး သားထားပြီး ၂၀၁၅ ခုနှစ်က ဘန်ကောက်မြို့ တော် လေးမျက်နှာ နတ်ကွန်း ဗုံးခွဲမှုနဲ့  ပါတ်သက်နေတယ်လို့  ဆိုပါတယ်။

သတင်းတွေမှာရေးသားဖေါ်ပြနေတဲ့ အဓိက အချက်ကတော့ က၀က်တီဟ က ဗုံးခွဲတဲ့တရားခံတွေကိုအသုံးပြုဘို့  နေရာစီစဉ် ပေးခဲ့ပြီးနိုင်ငံကူးလက်မှတ်အတု passportsစီစဉ်ပြုလုပ်ပေးခဲ့တယ်လို့  ဆိုပါတယ်။

On 17 August 2015 ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၇ရက်နေ့ မှာ ဘန်ကောက်မြို့ လည်က Ratchaprasong ရချပစုမ် အထင်ကရ နေရာ Erawan Shrine လေးမျက်နှာနတိကွန်းဗုံးခွဲမှုမှာ အစ္စလာမ် ဘာသာဝင်အများစု ပါဝင်ပါတ်သက် နေခဲ့ပါတယ်။

တရုတ်ပြည်ကပြေး လာတဲ့ အစ္စလာမ်ဘာသာဝင် ဟွေကူ လူမျိုးတွေကို ထိုင်းအစိုးရက တရုတ်ပြည်ပြန်ပို့ ခဲ့တာကို အခဲမကြေဖြစ်နေတဲ့ မူဆလင် ဘာသာဝင်တွေက ကလဲ့ စားခြေတဲ့အနေနဲ့  ခုလို ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးခွဲကြတဲ့ အဓိက တရားခံ နှစ်ဦး ယူစူဖူYusufu Mieraili နဲ မိုဟာမက် (Adem Karadag) နှစ်ဦး သာ Mohammed.ဖမ်းမိခဲ့ပါတယ်။

Social Action for Women - SAW

No comments: