Sunday, October 9, 2016

ဥရောပ အကောင်းဆုံးဘောလုံးသမားဆု ဂရစ်ဇ်မန်း လက်ခံရရှိ

UEFA
ပါရီ − ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ် မန်းသည် ပြင်သစ်အသင်း၏ဘူလ်ဂေးရီးယားအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်မီ ယူအီးအက်ဖ်အေ၏ ၂၀၁၆ ဥရောပ အကောင်းဆုံး ဘောလုံး သမားဆုကို လက်ခံရရှိခဲ့သည်။
 
အက်သလက်တီကို တိုက် စစ်မှူး ဂရစ်ဇ်မန်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ခြောက်ဂိုးသွင်း ပြီးဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ ကာအိမ်ရှင်ပြင်သစ်အသင်းသည် ဗိုလ်လုပွဲ၌ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့ သည်။ 
 
သို့သော် ယူအီးအက်ဖ်အေ ၏ နည်းစနစ်လေ့လာစောင့်ကြည့် ရေး အဖွဲ့က ဂရစ်ဇ်မန်းကို အ ကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
 
‘‘ဂရစ်ဇ်မန်းဟာ ပြင်သစ် အသင်းရဲ့ပွဲတိုင်းမှာ အရေးပါခဲ့ပါ တယ်။ သူ့အသင်းအတွက်ကြိုး စားပြီး ဘောလုံးပိုင်ဆိုင်မှု၊ နည်း စနစ်ပိုင်း၊ အမြင်၊ အရည်အသွေး နဲ့အဆုံးသတ်ပိုင်းကောင်းမွန်ပါ တယ်’’ဟု ယူအီးအက်ဖ်အေဘော လုံးနည်းစနစ်အရာရှိချုပ် လူပက်စ် ကူကပြောကြားသည်။
 
ယင်းဆုရွေးချယ်ရေး အဖွဲ့ တွင် မန်ယူနည်းပြဟောင်း ဖာဂူ ဆန်လည်း ပါဝင်ကြောင်း သိရ သည်။     

No comments: