Sunday, October 9, 2016

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ပုဒ်မ ၁၄၄ သက်တမ်းတိုး ဆက်လက်ထုတ်ပြန်

မောင်တောနယ်စပ်လုံခြုံရေး ဆောင်ရွက်ထားစဉ် (ဓာတ်ပုံ − မောင်ကံ)
မောင်တောနယ်စပ်နှင့် ဘူးသီးတောင်မြို့နယ်တွင် ထုတ်ပြန်ခဲ့သည့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို သက်တမ်းတိုး ရန် ၂၀၁၂ ဇွန်လ ၈ ရက်က အမိန့်စာများဖြန့်ဝေခဲ့သည်။
 
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်သည့် အမိန့် စာကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းကစတင်ကာ သက်ဆိုင်ရာ ကျေးရွာအသီးသီးသို့ ဖြန့်ဝေပေးခဲ့ ပြီး ညနေ ၄ နာရီကျော်တွင် မောင်တောမြို့ပေါ် ရပ်ကွက်များ သို့ အသံချဲ့စက်ဖြင့် လိုက်လံကြေ ညာခဲ့သည်။
 
‘‘ညနေ ၄ နာရီကျော် လောက်မှာ မြို့ပေါ်ကို လိုက်ပြီးကြေညာနေတာတွေ့ရပါတယ်။ ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်တဲ့အကြောင်း ဖြစ်ပါတယ်’’ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။
 
အလားတူ ဘူးသီးတောင်မြို့ နယ်တွင်လည်း ပုဒ်မ ၁၄၄ ဆက် လက်ထုတ်ပြန်သည့်အမိန့်ကို မြို့ နယ်အုပ်ချုပ်ရေးမှူးက အောက် တိုဘာ ၈ ရက်တွင် ဆက်လက် ထုတ်ပြန်ခဲ့ကြောင်း ဘူးသီးတောင်မြို့ခံ ဦးအောင်ကိုကိုက ပြောသည်။ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းနှင့် အတူ ညမထွက်ရအချိန်ကိုလည်း ယခင်အတိုင်း ည ၁၁ နာရီမှ နံနက်  ၄ နာရီအထိ သတ်မှတ်ထားသည်။
 
မောင်တောနယ်စပ်နှင့် ဘူး သီးတောင်မြို့နယ်တို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်မှာ လေး နှစ်ကျော်ရှိနေပြီး နှစ်လတစ်ကြိမ်သက်တမ်းတိုး ထုတ်ပြန်နေခြင်း ဖြစ်သည်။

No comments: