အိန္ဒိယနိုင်ငံမှ အစိုးရ တင်ဒါများ
ရှိခြင်းကြောင့် ပြည် တွင်းဈေးကွက်တွင် မတ်ပဲအ၀ယ် များပြီး
ဈေးမြင့်သော်လည်း ပဲစင်း ငုံဈေးကျဆင်းနေကြောင်း သ တင်းရရှိသည်။
မိုးပဲအသစ်ပေါ်ချိန်ဖြစ်သော်လည်း
လတ်တလော ရာသီဥတုဆိုးရွားပြီး မိုးများသဖြင့် အိန္ဒိယအစိုးရက
တင်ဒါများဆက်တိုက်ခေါ်နေ၍ အိန္ဒိယ ကုန်သည်များ မတ်ပဲကို ယခုရက်ပိုင်းတွင်
အ၀ယ်ရှိနေပြီး ဈေးမြင့်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်
နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။
‘‘နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လ ကိုတော့ အသေအချာ
စောင့် ကြည့်ရမယ်။ ဒီလတွေမှာ အ၀ယ် များရင် ပဲဈေးကထပ်ပြီးတက်လာ မယ်’’ ဟု
ဦးမင်းကိုဦးက ပြော ကြားသည်။
ယခု ရက်ပိုင်းတွင် မတ်ပဲ တစ်တန်လျှင်
ကျပ်တစ်ဆယ့် လေးသိန်းခြောက်သောင်းခွဲအထိ ဈေးရှိပြီး ပဲစင်းငုံ တစ်တန်လျှင်
ကျပ် တစ်ဆယ့်တစ်သိန်း ငါး ထောင်ခန့်ဈေးရှိကြောင်း ဘုရင့်
နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည် တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် နိုဝင်ဘာ၊
ဒီဇင်ဘာလများတွင် ဆောင်းပဲ စိုက်ပျိုးချိန်ဖြစ်၍ အဆိုပါလများ ၌
ပြည်တွင်းပဲဈေးနှုန်းမှာ အရေး ကြီးကြောင်း ပဲကုန်သည်များက ပြောသည်။
မြန်မာနိုင်ငံ၏ ပဲမျိုးစုံ အထွက်နှုန်းသည်
နှစ်စဉ် ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျဆင်းလာကြောင်း
ပဲကုန်သည်အချို့က ပြောကြားသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံသို့
အဓိကပဲမျိုးစုံရောင်းချနေ ပြီး အစိုးရချင်းသဘာဝတူညီမှုဖြင့် လာမည့်နှစ်က
စတင်၍ အိန္ဒိယ နိုင်ငံသို့ တစ်နှစ်လျှင် ပဲတန်ချိန် တစ်သန်းခန့် ရောင်းချရန်
စီစဉ် နေကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီးက စီစဉ်နေသည်။
နိုင်ငံတော်သမ္မတ ဦးထင် ကျော်၏
အိန္ဒိယခရီးစဉ်တွင် နှစ် နိုင်ငံခေါင်းဆောင်ပိုင်း ညှိနှိုင်းပြီး
တစ်နှစ်လျှင် မတ်ပဲနှင့် ပဲစင်းငုံကို ၂၀၁၇ က စတင်ကာ တန်ချိန်
ကိုးသိန်းဝယ်ယူမည်ဟု အိန္ဒိယအ စိုးရက ကမ်းလှမ်းလာ၍ နှစ်စဉ် တစ်နှစ်လျှင်
တန်ချိန် နှစ်သောင်း ခွဲတိုးမြှင့်ရောင်းချရန်လည်း ညှိနှိုင်း သဘောတူထားသည်။
No comments:
Post a Comment