ပစ်ခတ်သံကြားနေရခြင်းကြောင့် မောင်တောခရိုင်အတွင်းရှိ ကျေးရွာ၂ရွာမှ လူတချို့ ထွက်ပြေးတိမ်းရှောင်လာကြောင်းဒေသခံများကပြောသည်။
အောက်တိုဘာ၁၂ရက်နေ့တွင် နေ့လ် ၁၂နာရီမှ ပစ်ခတ်သံများစတင်ကြားရခြင်ကြောင့် မောင်တောခရိုင်အတွင်းရှိ သရေကုန်းဘောင်ကျေးရွာ၊ကိုင်ကြီးကျေးရွာမှလူများထွက်ပြေးတိမ်းရှောင်လာခြင်းူဖြစ်သည်။
`` နေ့ခင်း၁၂နာရီလောက်မှာ ပစ်ခတ်သံတွေကြားရတော့ကျွန်မတို့လည်းကြောက်ပြီး မနေရဲတာနဲ့ထွက်ပြေးတာ ၊ကျန်ခဲ့တဲ့သူတွေလည်းရှိပါသေးတယ်´´ဟု
ကိုင်းကြီးကျေးရွာမှမသိန်းမေကပြောသည်။
အဆိုပါရွာများဖြစ်သည့် ကိုင်းကြီးကျေးရွာတွင် အိမ်ခြေ ၇၀ခန့်နှင့်သရေကုန်းဘောင်ကျေးရွာတွင် အိမ်ခြေ ၁၁၀ခန့်ရှိကြောင်းသိရသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, October 12, 2016
ပစ်ခတ်သံကြားနေရခြင်းကြောင့် မောင်တောခရိုင်အတွင်းရှိ ကျေးရွာ၂ရွာမှ လူတချို့ ထွက်ပြေးတိမ်းရှောင် ================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment