Wednesday, October 12, 2016

မောင်တောတိုက်ခိုက်မှုတွင် ပြည်ပမှ ငွေကြေးထောက်ပံ့မှုရှိ ----------------------------------------------


မောင်တောဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အလစ်ဝင်ရောက်တိုက်ခိုက်မှုတွင် ပြည်ပမှ ငွေကြေးထောက်ပံ့မှုများ ရှိခဲ့ကြောင်း သိရှိရသည် ။

ပြီးခဲ့သည့် ရက်ပိုင်းက မောင်တောဒေသရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများအားတိုက်ခိုက်ရာတွင် အချိန်ယူ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကာ ဒေသတွင်းနေထိုင်သူ ဘင်္ဂါလီများအား RSO အကြမ်းဖက်သမားများက ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည် ။

တိုက်ခိုက်မှုအား ကျီးကန်းပြင် ၊ ငါးခူရ ၊ ကြိမ်ချောင် ၊ ကျောက်လှေကား ၊ ရွက်ညိုတောင် ၊ ကိုးတန်ကောက် နေရာခြောက်နေရာခွဲပြီး တိုက်ခိုက်ရန် ကြိုတင်စီစဉ်ခဲ့ပြီး ကျီးကန်းပြင် ၊ ငါးခူရနှင့် ကိုးတန်ကောက်တို့ အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။

မောင်တောဒေသတွင်း စိမ့်ဝင်လာသော RSOအကြမ်းဖက်သမားများသည် ဒေသခံ ဘင်္ဂါလီ အင်အား ၃၀၀ ခန့်အား နေရာများခွဲကာ တောတွင်း လူအရောက်အပေါက်နည်းသည့် နေရာများတွင် ကြိုတင်လေ့ကျင့်ပေးခဲ့ပြီး တိုက်ခိုက်မှုအား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုပြုလုပ်ရန် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအား ပြည်ပမှ လွှဲပေးခဲ့ပြီး အချိန်ယူကာ  ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း ရခိုင်ဒေသတွင် မြေပြင်သတင်းရယူနေသော The Myanmar Review Journal အယ်ဒီတာမှ သတင်းပေးပို့ သည် ။

ဖိုတို - တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူ ရဲအရာရှိတစ်ဦးအား တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့ သို့  သယ်ဆောင်လာစဉ်

No comments: