Sunday, October 2, 2016

မုတ်သုံလေအားကောင်း၍ ဒေသအချို့ မိုးပိုမည်

ရန်ကုန်၊ အောက်တိုဘာ ၁

အနောက်တောင် မုတ်သုံလေ ဆုတ်ခွာနေစဉ် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် ဒေသအချို့ နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် အနောက်တောင် မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသမှ ဆုတ်ခွာလျက်ရှိရာ အောက်တိုဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ဆုတ်ခွာမည် ဖြစ်ကြောင်း၊ မုတ်သုံဆုတ်ခွာစဉ် လေထုမငြိမ်မသက်မှုကြောင့် မိုးတိမ်တောင် အဖြစ်များပြီး နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင် သည့်အတွက် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောဆိုသည်။

No comments: