ဝါရှင်တန် ရောက်နေတဲ့ သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull (Credit: ABC) အီရတ်နိုင်ငံအတွင်းက IS အစ္စလာမ်မစ်တွေအပေါ် အနိုင်ရဖို့အတွက် လက်တကမ်းအလိုမှာပဲ ရှိတော့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull က ပြောလိုက်ပါတယ်။
IS ကို ချေမှုန်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Ash Carter ၊ CIA အကြီးအကဲနဲ့ အမေရိကန် အမျိုးသား ထောက်လှမ်းရေးဌာနရဲ့ ဒါရိုက်တာတွေနဲ့ ဝါရှင်တန်မြို့မှာ သြစတြေးလျ ဝန်ကြီးချုပ်က တွေ့ဆုံပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။
ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတဲ့ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် IS အကြမ်းဖက်ကို ချေမှုန်းနိုင်ဖို့ အလားအလာအများကြီး ကောင်းလာနေတယ်လို့သာ ပြောဆိုလိုက်ပါတယ်။ နောက် ၆ လ သာ ကာလအတွင်း IS အစ္စလာမ်မစ်တွေကို စစ်မြေပြင်မှာ အတော်အထိနာတဲ့အထိ တိုက်ခိုက်နိုင်မယ့် အနေအထားရှိတယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သြစတြေးလျ ဝန်ကြီးချုပ်က အမေရိကန် အောက်လွှတ်တော် နာယက Paul Ryan နဲ့ တွေ့ဆုံပြီး Trans Pacific Partnership လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီမှုအကြောင်း ဆွေးနွေးဖို့ ရှိပါတယ်။ ဒီကိစ္စကို သဘောတူဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်တွေကို တိုက်တွန်းဖို့လည်း ရှိပါတယ်။
ABC Radio Australia
No comments:
Post a Comment