Friday, September 23, 2016

ဗိုလ်မှူးကြီးစောဆန်းအောင် ဒဏ်ရာရရှိမှုမရှိဟု DKBA ခွဲထွက်အဖွဲ့အတည်ပြု

 

Photo by san aung facebookရန်ကုန် ၊ စက်တင်ဘာလ ၂၃

ဗိုလ်မှူးကြီးစောဆန်းအောင်သည် မဲသဝေါတိုက်ပွဲအတွင်းတွင် ကျဆုံးခြင်းမရှိကြောင်း၊ ဒဏ်ရာရရှိမှုလည်းမရှိကြောင်း DKBA ခွဲထွက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးရဲထက်က ဟင်္သာမီဒီယာသို့အတည်ပြုပြောကြားသည်။

ယခုလဆန်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်၊ BGF နှင့် DKBA ခွဲထွက်အဖွဲ့တို့၏ မဲသဝေါတိုက်ပွဲအတွင်း DKBA ခွဲထွက်ခေါင်းဆောင်တစ်ဦးဖြစ်သူဗိုလ်မှူးကြီးစောဆန်းအောင်မှာ ကျဆုံးသွားကြောင်း ၊ဒဏ်ရာရရှိထားကြောင်း သတင်းများပြန့်နှံ့ခဲ့သည်။

“လက်ရှိသတင်းတွေထွက်ပေါ်နေသလိုဗိုလ်မှူးကြီးစောဆန်းအောင်ကျဆုံး တယ်ဆိုတာမဟုတ်ပါဘူးလို့ အတည်ပြုပြော ပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်ကလည်း ဗိုလ်မှူးကြီးထိခိုက်ဒဏ်ရာရ တယ်လို့ သတင်းတွေထွက်နေတဲ့အတွက် ကျွန်တော်နောက်ထပ် စစ်ကြောင်း တစ်ကြောင်းလွှတ်ပြီးတော့ စုံစမ်းခိုင်းပါ တယ်။ လွန်ခဲ့တဲ့နှစ်ရက်ကပဲသတင်းပြန်ပို့ပါတယ်။ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာရှိနေတယ်လို့ သတင်းပြန်ပို့ပါတယ်” ဟု ဗိုလ်ကြီးရဲထက်ကပြောသည်။

ယနေ့ နံနက်(၈)နာရီ(၃၅)မိနစ် ဝန်းကျင်အချိန်ခန့်တွင် မဲသဝေါဒေသ ကျုံးထော်ရေတံခွန်အနီး မြိုင်ကြီးငူ-မဲသဝေါကားလမ်းအနီးတွင်သွားလာနေသော BGF ကားနှစ်စီးကို DKBA ခွဲထွက်အဖွဲ့မှ ချုံခိုမိုင်းဆွဲ တိုက်ခဲ့ခဲ့ကြောင်း၊ ထို့ပြင်ထူးဝါးကုန်းဒေသ အနီးတွင်လည်း ယနေ့ နံနက် (၈)နာရီ (၄၀)အချိန်ခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DKBA ခွဲထွက်အဖွဲ့မှသိရသည်။
“တိုက်ပွဲမဖြစ်ပါဘူး။ မဲသဝေါဘက်က အခြေအနေကောင်းပါတယ်။ ဆန်းအောင်ကိုဘယ်သွားဖမ်းမိ မလဲ။ ထိခိုက်ဒဏ်ရာရတယ်လို့ ကျွန်တော်တို့လည်း ဒီလိုပဲကြားတာပဲ သတင်းအတည်ပြုဖို့လုပ်နေတာပဲ ” ဟု BGF ဗဟိုအကြံပေး နှင့် ကွပ်ကဲရေးဗဟိုကော်မတီဝင်ဗိုလ်မှူး ထက်ဝင်း ကပြောသည်။

DKBA ခွဲထွက်အဖွဲ့၏ စခန်းအားလုံးအား သိမ်းပိုက်နိုင်ခဲ့ပြီး လှုပ်ရှားနေမြေများကို စက်တင်ဘာ ၁၉ ရက်နေ့ နေ့လည် (၁၂)နာရီ အချိန်ခန့် တွင်ရှင်း လင်းနိုင်ခဲ့ေ ကြာင်း ကရင်ပြည်နယ် ဗိုလ်မှူးထက်ဝင်းက ဟင်္သာမီဒီယာသို့ အတည်ပြုပြောကြားထားသည်။

Written by ဆုမင်းကို
Hinthar Media Corporation

No comments: