မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ရပ်နားထားသောယာဉ်များ (ဓာတ်ပုံ − ကျော်ဇင်သန်း)
လာမည့်နှစ် မော်တော် ယာဉ်တင်သွင်းရာတွင် လိုအပ် မည့် ဆိပ်ကမ်းအရောက် CIF တန် ဖိုးကိုနှစ်မကုန်မီ ကြိုတင်ထုတ်ပြန် နိုင်ရန် စီစဉ်နေကြောင်း မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ် မှုကော်မတီမှ သတင်းရရှိသည်။
‘‘လုပ်ငန်းရှင်တွေကလည်း ကြိုပြီးထုတ်ပေးဖို့ ပြောထားတာ တွေ ရှိတော့ မူဝါဒအသစ် မထုတ် ခင်မှာ ကြိုတင်တွက်ချက်လို့ ရ အောင် ထုတ်ပြန်ပေးဖို့ အကောက် ခွန်ဦးစီးဌာနနဲ့တော့ ညှိနေတယ်’’ ဟု အဆိုပါ ကော်မတီ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
လာမည့်နှစ်တွင် မော်ဒယ် မြင့်ကားများသာ တင်သွင်းရန် သတင်းများထွက်ပေါ်နေပြီး CIF တန်ဖိုးအနည်းငယ်သာ လျှော့ချ ပေးထားနိုင်ကြောင်း မော်တော် ယာဉ်တင်သွင်းရောင်းချသူများက သုံးသပ်ထားသည်။
၂၀၁၇ တွင် တင်သွင်းခွင့်ပြု မည့် မော်ဒယ်သတ်မှတ်ချက်ကို လည်း မူလကစက်တင်ဘာ နောက်ဆုံးပတ်၌ ထုတ်ပြန်ရန် ရည်ရွယ်ထားသော်လည်း ထုတ်ပြန်ပေးနိုင် ဦးမည်မဟုတ်ဟု ဆိုသည်။
‘‘၂၀၁၇ မှာ ထုတ်ပြန်မယ့် CIF က မော်ဒယ်မြင့်တွေပဲ ပေး သွင်းမယ်ဆိုရင် အခွန်ကများမှာ ပဲ။ နောက်ပြီး ယန္တရားတွေအတွက် CIF ကိုလည်း သီးသန့်ထုတ်ပေး မယ့်လို့ ကြားနေတယ်။ စောစော ထုတ်ပေးမယ်ဆိုရင်တော့ လုပ် ငန်းရှင်တွေအတွက် အဆင်ပြေ ပါတယ်’’ ဟု မြမြင့်မိုရ် ကားအ ရောင်းပြခန်းမန်နေဂျာဦးဝင်းထွေး က ပြောသည်။
၂၀၁၆ တွင် CIF တန်ဖိုးနှင့် ကုန်ပစ္စည်း တန်ဖိုးကို နှစ်စက ထုတ်ပြန်ပေးပြီး တန်ဖိုးသတ်မှတ် ချက်များပြားပြီး ကြိုတင်ဝင်ငွေခွန် နှင့် အခြားအခွန်များ ပါဝင်လာ သောကြောင့် မော်တော်ယာဉ်တင် သွင်းရောင်းချသူများက ကုန်ကျ စရိတ်များပြားလာသည်ဟု ဝေဖန် ထားသည်။
No comments:
Post a Comment