Sunday, September 18, 2016

ရမည်သင်း ရွှေတူးဖော်ရေးလုပ်ကွက် အင်းအတွင်းသို့ တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံး

 မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေ သ အမျိုးသားကြီးပွားတိုးတက် ရေး ရွှေတူးဖော်ရေးလုပ်ကွက် တွင် စက်တင်ဘာ ၆ ရက်က တ ရုတ်နိုင်ငံသားတစ်ဦး အင်းအ တွင်း ပြုတ်ကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မိုးမိမိုးထိဒေသ ရွှေတူးဖော် ထုတ်လုပ်မှုအုပ်စုတွင် နည်းပညာ ပိုင်းလုပ်ကိုင်သည့် အသက်(၄၄) နှစ်အရွယ် တရုတ်နိုင်ငံသားသည် အကျယ် ၆ ပေ၊ အနက် ၁၅ ပေ ကျင်းပေါ်ရှိ အခင်းပြားတွင် လေ ပေါက်ဖောက်ရန် အပေါ်သို့တက် စဉ် ခြေချော်ပြုတ်ကျပြီး  သေဆုံးခဲ့ကြောင်း    ရမည်းသင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

‘‘တရုတ်နိုင်ငံသားက လုပ် ငန်းအတွင်းမှာ အင်းအတွင်း ပြုတ်ကျပြီး သေဆုံးတဲ့အတွက် သေမှု သေခင်းဖွင့်ထားပါတယ်။ တရား ဝင်နေထိုင်ခြင်းရှိ၊ မရှိကို လဝက ကပဲ ဆက်လက် စစ်ဆေးနေပါ တယ်’’ဟု ရမည်းသင်းမြို့မရဲတပ် ဖွဲ့စခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောသည်။

သေဆုံးသည့် တရုတ်နိုင်ငံ သားအား ခွဲစိတ်စစ်ဆေးရန် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ထားပြီး ရမည်းသင်းမြို့မ ရဲတပ်ဖွဲ့စခန်းတွင် သေမှုသေခင်း ဖြင့် အမှုဖွင့်ထားရှိကြောင်း မန္တ လေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။

7day

No comments: