နယ်သာလန်နှင့် ဘယ်လ် ဂျီယံနိုင်ငံမှ ကုမ္ပဏီနှစ်ခုပူးပေါင်း ပြီး မြန်မာနိုင်ငံတွင် ကြက်ပေါက် အကောင်ရေ ၁၂ သန်းနှစ်စဉ်ထုတ် လုပ်ရန် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။
နယ်သာလန်နိုင်ငံမှ တိရစ္ဆာန်အစားအစာ ထုတ်လုပ်ရေး လုပ် ငန်းဖြစ်သော ဒီဟပ်စ်သည် ဘယ်လ်ဂျီယံ နိုင်ငံမှ ကြက်စာထုတ်လုပ်ရေး လုပ်ငန်းတစ်ခုနှင့် ပူးပေါင်းပြီး ဘယ်ဂါမြန်မာအမည်ဖြင့် ၂၀၁၇ မှ စတင်ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
‘‘ရန်ကုန်တိုင်းထဲမှာ သူတို့ လုပ်မှာပါ။ မျိုးခြံတော့ မရှိသေး ဘူး။ မျိုးဥတွေသွင်းလာပြီး ဒီမှာ ဖောက်မှာ။ ကြက်ပေါက်ဈေး ကွက်မှာ ယှဉ်ပြိုင်မှု ရှိလာတော့ ဈေးမတက်နိုင်လို့ ကြက်မွေးတဲ့သူ တွေ အဆင်ပြေနိုင်သလို ကြက် သားဈေးနှုန်းလည်း ကျလာနိုင် တယ်’’ဟု အသားတိုးကြက်မွေးမြူ ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကျော်ဝင်းက ပြောသည်။
ဘယ်လ်ဂါ မြန်မာကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ကြက်သား ပေါက်များထုတ်လုပ်ပြီး ကြက်မွေး မြူသူများထံ ဖြန့်ချိချိန်တွင် ယခု ကြက်သားပေါက် ပေါက်ဈေးနှုန်း တစ်ကောင်လျှင် ၇၀၀ ကျပ်အောက်သို့ ကျဆင်းနိုင်ပြီး ကြက်စာပါ ထုတ်လုပ်ပါက ကြက်သားဈေးလည်း ကျဆင်းနိုင်ကြောင်း ၎င်းက ပြောသည်။
ဘယ်လ်ဂါမြန်မာ ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် ကမ္ဘာ့ဘဏ်မှ ကာလရှည် ချေးငွေအမေရိကန် ဒေါ်လာ ခြောက်သန်းခွဲချေးယူခွင့်သဘောတူညီမှု ရရှိထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment