price-tag မှုခင်း
ရှမ်းပြည်နယ် လောက်ကိုင်မြို့မှာ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေက ကားဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
လောက်ကိုင်မြို့ အမှတ် (၁)ရပ်ကွက် တုံချိန်ရပ် ကူမင်းမ်းသွယ်အတွင်းမှာ ရပ်ထားတဲ့ တကားအတွင်းက ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် VIGO ယာဉ်တစ်စီးနဲ့ တရုတ်နံပါတ်တပ် ဆလွန်းယာဉ် တစ်စီးမီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ လူသေဆုံးမှုမရှိခဲ့ပေမယ့် ဒဏ်ရာရရှိသူ နှစ်ဦးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း လောက်ကိုင်မြို့ ပတ်ဝန်းကျင်ရှိတောင်ကုန်းတွေပေါ်မှာ လောက်ကိုင်မြို့ကို ချိန်ရွယ်ပစ်လွှတ်ဖို့ ကြံစည်ထားတဲ့ ၁၀၇ မမ ရော့ကက် ၂၂ လုံးကို တပ်မတော်က ရှာဖွေ တွေ့ရှိခဲ့ပြီး မပေါက်ကွဲမီ ၂၄ နာရီအလိုမှာ ဖယ်ရှားရှင်းလင်းခဲ့ရပါတယ်။
No comments:
Post a Comment