ကချင်ပြည်နယ်
ဖားကန့်မြို့ပေါ်ရှိ ငှက်ပျောတောရပ်ကွက်၊ မြို့မ ရပ်ကွက်၊
မရှီကထောင်ရပ်ကွက်နှင့် အေးမြသာယာ ရပ်ကွက် တို့တွင် စက်တင်ဘာ ၁ ရက် နံနက် ၅
နာရီက ရေကြီးမှုကြောင့် သုံးဘီးဆိုင်ကယ်များနှင့် လှေများကို အသုံးပြု၍
သွားလာ ခဲ့ရသည်။
ဖားကန့်မြို့
ရေကြီးမှုသည် စက်တင်ဘာ ၁ ရက် နံနက် ၅ နာရီမှစတင်၍ မိုးအဆက်မပြတ်
ရွာသွန်းခဲ့သည့်အတွက် ရေကြီး ရေလျှံမှုဖြစ်ပွားကာ ရပ်ကွက်၊ လူနေအိမ်များ
ရေနစ်မြုပ်ခဲ့သည်။
ဖားကန့်မြို့
ငှက်ပျောတောရပ်ကွက် အောင်သုခကဖေး ဆိုင်၊ ဖူဂျီဓာတ်ပုံဆိုင်၊
ရှန်းရှန်းစားသောက်ဆိုင်ရှေ့ မှ ကမ်းနား လမ်းကြိုးတံတားထိပ် အိုအေစစ်ကဖီး
ဆိုင်ရှေ့အထိ၊ အလယ် လမ်း ရွှေကြောင်ရောင်းဝယ်ရေး၊ အေဝမ်းရောင်းဝယ်ရေး၊ စန္ဒာ
အထည်ဆိုင်ရှေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက် ရှိသည်။
ဖားကန့်မြို့ရှိ
မြို့မရပ်ကွက်၌ ကျောက်ဝိုင်းလမ်းဆုံ မိသားစုကဖီး ဆိုင်ရှေ့နှင့်
အောင်ကဖီး၊ ဆိုနီအအေးဆိုင်၊ နယူးဝေးမိုဘိုင်းဖုန်းဆိုင်ရှေ့ နေရာများတွင်
ရေလွှမ်းလျက်ရှိရာ ဖားကန့်မြို့ နေရာအနှံ့အပြားတွင် လှေဖြင့် သွားလာကြရသည်။
ယခင်က
ဖားကန့်မြို့သည် မိုးများ၍ ရေကြီးသော်လည်း ရပ်ကွက်များ အတွင်းသို့
ရေမဝင်ခဲ့။ ယခုအခါ ကျောက်တူးကြသည့် ကုမ္ပဏီတွေအနက် အချို့ကုမ္ပဏီတွေက
(ယခင်နှစ်များက)စည်းကမ်းမဲ့ မြေစာစွန့်ပစ် မှုကြောင့် မြေစာများ
မိုးရေနှင့်မျောပါ လာကာ ဥရုချောင်းထဲကျပြီး ချောင်း မျက်နှာပြင်
မြင့်တက်လာပြီး လူနေအိမ်၊ ရပ်ကွက်များအတွင်း ရေဝင်ရောက် ခဲ့ခြင်းဖြစ်သည်ဟု
ဒေသခံများကပြောသည်။
မရှီကထောင်ရပ်ကွက်
တိုရှီဘာရောင်းဝယ်ရေးဆိုင်ရှေ့မှ ဥရုရတနာ ကျောက်စိမ်းတောင် တံတားထိပ်အနီး
ရောက်သည်အထိ နယ်မြေခံတပ်မှ တပ်မမှူးနှင့် မြို့နယ်
အုပ်ချုပ်ရေးမှူးတို့ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်
ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောက်မျက်
လုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာနှင့်
လူမှုရေးအသင်းအဖွဲ့ဝင်များစုပေါင်းကာ စက်လှေကြီးဖြင့် လူနှင့်
ဆိုင်ကယ်များကို အခမဲ့ အသွား/ အပြန် ပို့ဆောင်ပေး ခဲ့ပြီး ရေဘေးသင့်
ပြည်သူများကို ည်း ထမင်း၊ ဟင်းနှင့် ရေသန့်ဘူးများဝေငှ၍ ကူညီဆောင်ရွက်
ပေးလျက်ရှိကြောင်း သိရသည်။
Ref: MOI
The Ladies News
No comments:
Post a Comment