နေပြည်တော်၊ စက်တင်ဘာ ၁
(၂၁)
ရာစု ပင်လုံညီလာခံတွင် လေ့လာသူကတ်ပြား အဆင့်သာ ပေးအပ်ခဲ့ခြင်းကို
မကျေနပ်ရာမှ ညီလာခံ ထွက်သွားသည့် UWSA ကိုယ်စားလှယ် လေးဦးနှင့်
ဦးခင်ဇော်ဦးတို့၏ ညှိနှိုင်းမှုမှာ ပြေလည်မှု မရရှိကြောင်း
ရှမ်းပြည်နယ်လွှတ်တော် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ကိုယ်စားလှယ်
ဦးညီနပ်က ပြောကြားသည်။
ယနေ့ (စက်တင်ဘာ ၁ ရက်)
ညီလာခံ နံနက်ပိုင်း ရပ်နားချိန်တွင် ဦးခင်ဇော်ဦး
(ဒုဗိုလ်ချုပ်ကြီး-ငြိမ်း) နှင့် ဒေါက်တာလျန်မုန်းဆာခေါင်တို့က
ဈေးဝယ်ထွက်နေသော ‘ဝ’ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော် ဂျန်းရှင်းစင်တာရှိ
YKKO စားသောက်ဆိုင်၌ မွန်းလွဲပိုင်းက ဆွေးနွေးခဲသော်လည်း ပြေလည်မှု
မရှိခဲ့ကြောင်း ၎င်းက သတင်းပေးပို့သည်။
ပင်လုံညီလာခံ
မှ ထွက်ခွာမှုနှင့် ပတ်သတ်၍ ‘ဝ’ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးညီရမ်ထံ
ဖုန်းဆက်သွယ်မေးမြန်းခဲ့သောလည်း လက်ခံဖြေကြားခြင်း မရှိပေ။
ညီလာခံ
ကျင်းပရေး ကော်မတီဝင် ဦးခင်ဇော်ဦးကမူ ‘ဝ’ အဖွဲ့သည် ပွဲစီစဉ်သူများ
အနေဖြင့် လူပေါင်း ၁၆၀၀ ခန့်ကို စီမံခန့်ခွဲရသဖြင့် ယခုကိစ္စသည် နားလည်မှု
လွဲမှားခြင်းသာ ဖြစ်ပြီး ပြန်လည်ညှိနှိုင်းသွားမည်ဟု မီဒီယာများသို့
ပြောကြားခဲ့သည်။
ယင်းကိစ္စကို ညနေ သတင်းစားရှင်းပွဲတွင် ထုတ်ပြန်ပေးမည်ဟု သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။
ဓာတ်ပုံ - မြင့်မိုးညို
No comments:
Post a Comment