Posted: September 20, 2016
ဂန်ဂေါမြို့ရှိ ဇဟောတံတား တည်ဆောက်ရေးအတွက် ဆန္ဒပြပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေပါဝင်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နှင့် ဇဟောကျေးရွာ အကြား၌ မြစ်သာမြစ်ကူးတံတား တည်ဆောက်ပေးရန်၊ ဂန့်ဂေါမြို့နှင့် ကံသာကျေးရွာ အင်းကျွန်းကျောက်ပြုတ် ကျေးရွာသို့ ဆက်သွယ်ထားသည့် မိုင်အရှည် ၄၀ ခန့်ရှိ
လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ဇဟောကျေးရွာဒေသခံ ၆၀၀ ကျော်က ဂန့်ဂေါမြို့၌ ယနေ့(စက်တင်ဘာ ၂၀ ရက်) နံနက် ၈ နာရီခန့်က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဦးလှဆွေက ယင်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် “ဇဟောဆိုတဲ့ရွာက မြစ်သာမြစ် အနောက်ဘက်မှာ ရှိတယ်။ အဲ့ရွာကို ဂန့်ဂေါ နဲ့ သုံးဘီးဆိုင်ကယ် အဆင့်ဖြတ်ကူးနိုင်တဲ့ ကြိုးတံတားထိုးဖို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကျနော်ကိုယ်တိုင်တင်ပြနိုင်ခဲ့တဲ့အတွက် နောက်ဆုံးရတဲ့ ဘတ်ဂျက်အဖြစ် သိန်း ၄၂၀၀ ကျော်ကျခဲ့တယ်။ ကျနော်သာ ဆက်ပြီးတာဝန်ယူရင် ဒီတံတားကပြီးနေပြီ။ ခု ဂန့်ဂေါ ဒီချုပ်အမှု့ဆောင် ဆိုသူတွေနဲ့ အမတ်တွေက ဦးလှဆွေ တင်ခဲ့တဲ့ဘတ်ဂျက် ဆက်မလုပ်ဘူးဆိုပြီး တမင်ညစ်ပြီး ရပ်ထားတာဗျ ၊ တင်ဒါလည်းခေါ်တယ်၊ ခေါ်ပြီး ပြန်ရုပ်သိမ်းတယ်။ ဒါကြောင့် ရွာသားတွေ ၁၂၀၀ လောက် စုပေါင်းလက်မှတ်ထိုးပြီး ကျပြီးသားဘတ်ဂျက်နဲ့ တံတားထိုးပေးဖို့ မရုပ်သိမ်းဖို့ သမ္မတ ဆီလည်း တင်ထားတယ်တဲ့။ ဒါကြောင့်ဆန္ဒပြကြတာပါ” ဟု ရေးသားထားသည်။
စိုင်းဟန်
Photo - Mg Maung Di ဖေဘုတ်
The Ladies News
No comments:
Post a Comment