ပညာရေးဝန်ကြီးဌာန အမျိုးသားစီမံခန့်ခွဲမှုပညာကော လိပ်၌ ဖွင့်လှစ်သင်ကြားနေသည့် စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှု ပညာ အထူးပြုဘာသာရပ် BBM နှင့် အခြားဒီဂရီဘွဲ့ဘာသာရပ် များအတွက် ပထမနှစ်သင်တန်း သား ၃၀၀ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် လျှောက်လွှာခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝင်ခွင့်ရရှိသည့် ကျောင်း သားများသည် စီးပွားရေးလုပ် ငန်းသုံး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ် (BBM)၊ခရီးသွားလုပ် ငန်းဆိုင်ရာ အထူးပြုဘာသာရပ် (BA-Tourism)၊သတင်းအတတ် ပညာ အထူးပြုဘာသာရပ် (BA Journalism)နှင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအထူးပြု ဘာသာရပ် BA (EPP) တို့ကို စာသင်နှစ် လေးနှစ်တက်ရောက်သင်ကြားရ မည်ဖြစ်သည်။
၂၀၁၆ တွင် တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်မြင်ထား သည့် ကျောင်းသား၊ကျောင်းသူ များ တိုက်ရိုက်လျှောက်ထားနိုင် ပြီး စီးပွားရေးလုပ်ငန်းသုံး စီမံခန့် ခွဲမှုပညာ အထူးပြုနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အထူးပြုဘာသာ ရပ်အတွက် သင်တန်းသား ၁၀၀ ဦးစီနှင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ် စာအထူးပြုနှင့် သတင်းအတတ် ပညာအထူးပြုဘာသာရပ်အ တွက် သင်တန်းသား ၅၀ ဦးစီ လက်ခံမည်ဖြစ်သည်။
BBM နှင့် BA (EPP) တို့အ တွက် ၀င်ခွင့်အမှတ်များသည် တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် ၄၄၀ နှင့်အထက်ဖြစ်ပြီး BA (Journalism) နှင့် BA (Touri-sm) တို့အတွက် ရမှတ် ၄၀၀ နှင့်အထက် သတ်မှတ်ခေါ်ယူမည်ဖြစ်ကာ BA (Tourism) လျှောက်ထားသူသည် အင်္ဂလိပ်စာ ဘာသာရပ်တွင် ရမှတ် ၆၀ရရှိသူများဖြစ်ရမည်ဖြစ်သည်။
ဘွဲ့ကြိုသင်တန်းလျှောက် ထားသူများသည် တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်း (မူရင်း)၊ လျှောက်ထားသူနှင့် မိဘနှစ်ပါး ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ နှစ်ပုံ ဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂ ရီကောလိပ်၊ ကျောင်းသားရေးရာ ဌာနတွင် စက်တင်ဘာ ၃၀ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ လျှောက်ထားနိုင်သည်။
ဝင်ခွင့်ရရှိသူစာရင်းကို နိုဝင် ဘာ ၂၁ ရက်တွင် အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်၌ ကြေညာမည်ဖြစ်ပြီး ပထမနှစ်ဘွဲ့ကြိုသင်တန်းများကို ဒီဇင်ဘာလဆန်းတွင် စတင်ဖွင့် လှစ် သင်ကြားမည် ဖြစ်ကြောင်း အဆိုပါကောလိပ်က ကြေညာ ထားသည်။
No comments:
Post a Comment