ပုဂံမြို့ရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီပုထိုးများနှင့် သာသနိက
အဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွင် တရုတ်နိုင်ငံ
ယဉ်ကျေးမှုအမွေအ နှစ်ဌာနမှ ပညာရှင်အဖွဲ့တစ်ဖွဲ့က
ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာ
Hong Liang က ပြောကြားသည်။
ပုဂံရှေးဟောင်းဘုရားစေတီ များနှင့် ရှေးဟောင်းအဆောက်အ အုံများ ပြန်လည်မွမ်းမံရန် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရွှေ လီအုပ်ချုပ်ရေးဌာနက စက်တင် ဘာ ၁ ရက်တွင် ကျပ်သန်းတစ်ရာ လှူဒါန်းသည့် အခမ်းအနား၌ ၎င်းက အထက်ပါအတိုင်းပြော ကြားခဲ့သည်။
‘‘ဆက်လက်ပြီး အားပေး ကူညီမှုတွေ ဆောင်ရွက်သွား မယ်။ မြန်မာအစိုးရရဲ့ မေတ္တာ ရပ်ခံချက်အရ တရုတ်နိုင်ငံယဉ် ကျေးမှုအမွေအနှစ်ဌာနက ပညာ ရှင်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီး ပုဂံဒေသ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေမှာ ပါဝင်သွားမယ်။ တရုတ်အစိုးရက ပေးအပ်တဲ့ လုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ယူဆောင်လာမယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Hong Liang ကပြောကြားသည်။
အဆိုပါလှူဒါန်းပွဲကို နေ ပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရုံးတွင် စက်တင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ Hong Liang နှင့် ယူနန်ပြည်နယ် ရွှေလီမြူနီစီပယ်အုပ်ချုပ်ရေးဌာန ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
‘‘ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံဒေသ စေတီပုထိုးပေါင်း ၃၉၇ ဆူပျက်စီးပြီး နိုင်ငံတစ်ဝန်းမှ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဘေးအန္တရာယ်ကြုံတွေ့လာတဲ့အခါ အိမ်နီးချင်းကောင်းပီသစွာ ကူညီပေး ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်’’ဟု သူရဦးအောင်ကိုက ပြောသည်။
သြဂုတ် ၂၄ ရက်က ချောက်မြို့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆ ဒသမ ၈ ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ပုဂံဒေသရှိ ဓမ္မရံကြီး၊ ထီးလိုမင်းလို၊ ရွှေဆံတော်၊ စူဠာမဏိ၊ အာနန္ဒာ၊ လောကနန္ဒာ၊ ဂူပြောက်ကြီးနှင့် ပြဿဒ်ကြီးအပါ အ၀င် စေတီပုထိုးပေါင်း ၃၉၇ ဆူ ထိခိုက်ပျက်စီးခဲ့သည်။

No comments:
Post a Comment