Thursday, September 22, 2016

အမျိုးသမီးတွေမှာ အဖြစ်များသော လိင်မှတဆင့် ကူးစက်တဲ့ရောဂါ ၅ မျိုး

လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ Sexuallly Transmitted Diseases(STDs) ကြောင့် သားသမီးမရနိုင် တော့တဲ့ အမျိုးသမီး အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းမှာပဲ အနည်းဆုံး ၂၄၀၀၀ ခန့်ရှိပါတယ်လို့ အမေရိကန် ရောဂါထိန်း ချုပ်ရေးနဲ့ကာကွယ်ရေးဌာနက ဖော်ပြပါတယ်။
19a28100f76d8e1f414a48dfe8d82cc6
လူသိပ်မသိတဲ့ ဒီကျန်းမာရေးပြဿနာက သိတ်ကို ဆိုးရွားနိုင်ပါတယ်။ ဥပမာ- ကုသမှုမခံယူတဲ့ ဆစ်ဖလစ်ရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ရင်သွေး သေဆုံးနိုင်ခြေ ၄၀ရာခိုင်နူန်းအထိ ရှိနိုင်ပါတယ်။ ဒါကြောင့် လိင်ကနေတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေရဲ့ လက္ခဏတွေကို သိရှိဖို့ အင်မတန်အရေးကြီးပါတယ်။ အဲဒီလိုသိရှိမှ ကူးစက်ခံနေရပြီဆိုရင် ကျန်းမာရေးအတွက် အန္တရာယ်မကျရောက်ခင်မှာ ကုသမှု ခံယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ လိင်မှတဆင့်ကူးစက်ရောဂါ ၅မျိုးကို ဖော်ပြလိုက်ရပါတယ်။
CHLAMYDIA
ကလမ်မီဒီးယား (Chlamydia) ရောဂါပိုးက အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ နှစ်ဆခွဲ ပိုများပါတယ်။ ဒီရောဂါပိုးကူးစက်ခံရသူ အများစုက ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒါပေမဲ့ သားသမီးမရနိုင်တဲ့ အထိ ဆိုးရွားတဲ့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအထိ ခံစားရနိုင်ပါတယ်။ သင့်ရဲ့ဆရာဝန်က ကုသမှုအနေနဲ့ ပဋိဇီဝဆေးတွေ ပေးပါလိမ့်မယ်။ ဒါပေမဲ့အမြစ်မပြတ်ဘဲ အဲဒီရောဂါပိုး ပြန်လည်ကူးစက်ခံရတာမျိုးလည်း ဖြစ် နိုင်ပါသေးတယ်။
GONORRHEA
ဂနိုရီးယား(Gonorrhea) က ကလမ်မီးဒီးယားနဲ့ ဆင်တူပါတယ်။ ဒီရောဂါပိုးကိုလည်း အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီးကူးစက်ခံရဖို့များပါတယ်။ ဒါပေမဲ့ ပထမရောဂါပိုးနဲ့မတူညီတဲ့အချက်က ဂနိုရီးယား ကူးစက်ခံထားရသူတွေက စစ်ဆေးမှုမရှိတတ်ကြပါဘူး။ ရောဂါလက္ခဏာတွေက ဆီးသွားတဲ့နေရာမှာ နာကျင်တာ၊ အဖြူရောင်၊အ၀ါရောင်နဲ့ အစိမ်းရောင်တွေ ဖြစ်နေတတ်တာပါပဲ။
ဂနိုရီးယားကို ကုသရာမှာ မတူညီတဲ့ ပဋိဇီဝဆေး နှစ်မျိုးရှိပါတယ်။ ဒါပေမဲ့ ကုသမှုမခံယူဘူးဆိုရင်တော့ တင်ပဆုံရိုးရောင်ယမ်းတဲ့ရောဂါဖြစ်လာနိုင်ပါတယ်။
GENITAL HERPES
ဒီရောဂါကလည်း အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်နဲ့ အရွယ်ရောက်သူ ၂၀ရာခိုင်နူန်းလောက်ပဲ ဖြစ်တတ်တာပါ။ ဒီရောဂါအတွက် ကုထုံးမရှိပါ။ နာကျင်မှုသက်သာ စေမယ့်ဆေးဝါးတွေကိုတော့ ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။
HUMAN PAPILLOMAVIRUS VIRUS (HPV)
အိတ်ပီဗွီက လိင်အမျိုးအစားနှစ်မျိုးစလုံးမှာ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပါ။ ပညာရှင်တွေရဲ့ဆိုအရ လိင်ပိုင်းဆိုင်ရာ တက်ကြွတဲ့အမျိုးသား၊အမျိုးသမီးအားလုံးလောက်နီးနီးက ဘ၀တစ်သက်တာမှာ တစ်ကြိမ်တော့ အနည်းဆုံး ဒီဗိုင်းရပ်စ်ကို ကူးစက်ခံရနိုင်ပါတယ်။
ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေက သူတို့ကူးစက်ခံနေရတာကို မသိကြတာများပါတယ်။ ရောဂါလက္ခဏပေါ် မလာသလို ကျန်းမာရေးပြဿနာလည်း မဖြစ်လာပါဘူး။ ဒါပေမဲ့ ကုသမှုမရှိရင်တော့ အမျိုးသမီတွေမှာ အန္တရာယ်ရှိနိုင်ပါတယ်။ အဲဒီရောဂါပိုးက သားအိမ်ခေါင်းကင်ဆာဖြစ်ရခြင်းရဲ့ အဓိကအကြောင်း တစ်ခုဖြစ်နေလို့ပါပဲ။
ဆစ်ဖလစ်( Syphilis)
ထိတွေ့မှုဖြစ်ပြီး ရက်ပေါင်း ၉၀ လောက်ကြာမှ ရောဂါပိုးကူးစက်တဲ့ လက္ခဏပြတာမျိုးဖြစ်နိုင်ပါတယ်။ ဒါက ဗိုင်းရပ်စ်မဟုတ်ဘဲ ဘတ်တီးရီးယားကနေ ကူးစက်တာပါ။ ဆစ်ဖလစ်ရှိနေပြီး ကုသမှုမခံယူဘဲ ကိုယ်ဝန်ဆောင် ထားတယ်ဆိုရင်တော့ မမွေးဖွားသေးတဲ့ရင်သွေးအတွက် အန္တရာယ်ရှိနေပါတယ်။ ဒီရောဂါပိုးကို ပဋိဇီဝဆေးတွေနဲ့ နှိမ်နှင်းနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတွေမှာ ဆစ်ဖလစ်တွေရှိမှု ၂၁ရာခိုင်နူန်းလျော့ကျသွားပြီး အမျိုးသားတွေမှာ ၁.၃ ရာခိုင်နူန်း တိုးလာတယ်လို့ သိရပါတယ်။

Share this:

No comments: