ရန်ကုန်၊ စက်တင်ဘာ ၎
အများပြည်သူ
စိတ်ဝင်စားနေသည့် မင်္ဂလာဒုံမြို့နယ်မှ လေးလောင်းပြိုင်အမှု ဖြစ်စဉ်အမှန်ကို
ရဲတပ်ဖွဲ့က မကြာမီ ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။
“အမှုလမ်းကြောင်း
လွဲချော်သွားမှာ စိုးရိမ်တာကြောင့် လေးလောင်းပြိုင် အမှုနဲ့ ပတ်သက်ပြီး
စုံစမ်း စစ်ဆေးချက်တွေကို လတ်တလော မဖြေကြား နိုင်သေးပါဘူး၊ လူထု
စိတ်ဝင်စားနေတဲ့ ဒီအမှုကို မကြာမီ ဖော်ထုတ်ပြီး ဖြစ်စဉ် အမှန်ကို
ပြည်သူတွေထံ ချပြပေးသွားမှာပါ”ဟု လေးလောင်းပြိုင် လူသတ်မှု စုံစမ်း
ဖော်ထုတ်ရေးတွင် ပါဝင်သော ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ယင်းလေးလောင်းပြိုင်
လူသတ်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး
တရားဥပဒေ စိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံ စာများ စိစစ်ရေး
ကော်မတီအဖွဲ့မှ ၎င်းတို့၏ အမှု စုံစမ်း စစ်ဆေးချက်များကို ရဲတပ်ဖွဲ့ထံ
ပေးပို့ထားကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ကော်မတီအဖွဲ့က
အမှုနဲ့ ပတ်သက်ပြီး သူတို့ စုံစမ်း ရရှိချက်တွေ ပေးပို့ရင်း ရဲတပ်ဖွဲ့နဲ့
တွေ့ဆုံဆွေးနွေးခဲ့တယ်၊ ရဲ လုပ်ငန်းစဉ်ကို ဝင်ရောက် စွက်ဖက်တာမျိုးတော့
မရှိပါဘူး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြန်မစခင် ဒီအမှု
ဖော်ထုတ်နိုင်လိမ့်မယ်လို့ သူတို့ဘက်က မျှော်လင့် ထားပြီး အကယ်လို့
မဖော်ထုတ်နိုင်ရင် လွှတ်တော်မှာ လေးလောင်းပြိုင်အမှုကို အဆို
တင်သွင်းသွားမယ်လို့ ကော်မတီ ဥက္ကဋ္ဌက ပြောသွားတယ်၊ ရဲတပ်ဖွဲ့က ဒီအမှုမှန်
ဖော်ထုတ်နိုင်အောင် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု
မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
လေးလောင်းပြိုင်
လူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ မသင်္ကာသူ အမျိုးသား သုံးဦး၏ ဓာတ်ပုံကို
အများပြည်သူ သိရှိစေရန် ဖြန့်ဝေခဲ့ပြီး တွေ့ရှိပါက သတင်းပေး
ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ ထုတ်ပြန်ခဲ့သော်လည်း ယနေ့အချိန်ထိ
ယင်းအမည်မသိ အမျိုးသား သုံးဦးကို ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း ရဲ
အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment