ရန်ကုန်၊ စက်တင်ဘာ ၎
တပ်မတော်နှင့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့၏ သဘောထားသည်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ပြုပြင် ပြောင်းလဲရေးနှင့် ဆန့်ကျင်ဘက်
ဖြစ်သောကြောင့် သဘောထား ရပ်တည်ချက်များ ပြောင်းလဲသင့်ပြီဟု မြန်မာနိုင်ငံ
အမှန်တရားနှင့် မျှတမှု အမျိုးသား ပါတီ (MNTJP/MNDAA)၊ ပလောင်ပြည်နယ်
လွတ်လပ်ရေး တပ်ဦး (PSLF/TNLA)နှင့် ရက္ခိုင့် အမျိုးသား အဖွဲ့ချုပ်
(ULA/AA) တို့က သဘောထား ထုတ်ပြန် ပြောဆိုလိုက်သည်။
MNDAA,
TNLA, AA မဟာမိတ် သုံးဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့်
မြန်မာနိုင်ငံရေး ဆွေးနွေးပွဲဆီသို့ ဦးတည်သော ၂၁ ရာစု ပင်လုံညီလာခံကို
ကြိုဆိုကြောင်း သဘောထား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးမူ
၆ ရပ်နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခိုင်အမာ စွဲကိုင် တင်ပြသည့်
မြန်မာ့ တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီတို့၏ တင်ပြချက်သည် မြန်မာ့ ငြိမ်းချမ်းရေး လမ်းစဉ်နှင့် ဆန့်ကျင်ဘက်
ဖြစ်သောကြောင့် ပြုပြင် ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်ကြောင်း သဘောထား
ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ၂၁ ရာစု
ပင်လုံညီလာခံတွင် မြန်မာ့နိုင်ငံရေး ပြဿနာများကို ပွင့်လင်း မြင်သာစွာ
တင်ပြခွင့် ပြုခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား ပြည်သူများအား
တိုက်ရိုက် သိရှိစေခဲ့ခြင်းသည် အစိုးရသစ်၏ နိုင်ငံရေး ပြုပြင်
ပြောင်းလဲရေးအတွက် အရေးပါသည့် ခြေလှမ်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်
ထောက်ပြ ပြောဆိုထားသည်။
အလားတူ ပင်လုံညီလာခံတွင်
တက်ရောက် လာကြသည့် အဖွဲ့အစည်း အသီးသီးနှင့် လူပုဂ္ဂိုလ် အသီးသီးတို့၏
တင်ပြချက် စာတမ်းများသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အပြုသဘော
ဆောင်သည့် တင်ပြချက်များ ဖြစ်သည်ဟု ထင်မြင်ကြောင်း ထုတ်ပြန်ချက်တွင်
ပါရှိသည်။
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment