Friday, September 2, 2016

နိုင်ငံရေးဆွေးနွေးပွဲများတက်လှမ်းနိုင်ရန် ယခင်အပစ်ရပ်သဘောတူစာချုပ်မူဘောင်ကို ကိုင်စွဲထားဟု ‘ဝ’အဖွဲ့သဘောထားတင်ပြ

 နိုင်ငံရေးဆွေးနွေး ပွဲများတက်လှမ်းနိုင်ရန် ယခင်ချုပ် ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်မူ ဘောင်များကို ကိုင်စွဲထားကြောင်း ‘ဝ’အဖွဲ့က ၂၁ ရာစုပင်လုံညီလာခံ တွင် တင်သွင်းမည့် စာတမ်း၌ ဖော်ပြထားသည်။
‘‘ပြည်ထောင်စုအစိုးရနှင့် ‘ဝ’ပြည်နယ်တို့ ပြည်နယ်အဆင့်ငြိမ်း ချမ်းရေးစာချုပ်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစာချုပ်လက် မှတ်ရေးထိုးပြီးနောက် ပြည် ထောင်စုအစိုးရ၊ တပ်မတော်နှင့် ၁၉၈၉ ကစ၍ ရရှိသောငြိမ်းချမ်း ရေးကို အခြေခံပြီး နှစ်ပေါင်းများ စွာ ငြိမ်းချမ်းရေးကို ဆက်လက် ရရှိခဲ့သည်။ အဆင့်သုံးဆင့်ငြိမ်း ချမ်းရေးစာချုပ်သည် ‘ဝ’ပြည်နယ် နှင့် ပြည်ထောင်စုအစိုးရ၊ တပ်မ တော်ကြား အလွန်ထိရောက်မှုရှိ သော သင့်လျော်သည့်စာချုပ်အ ဖြစ် လက်တွေ့တွင် သက်သေထူ နေပါသည်။ အဆင့်သုံးဆင့်ငြိမ်း ချမ်းရေးစာချုပ်မူဘောင်အောက် တွင် နောင်ဆက်လာမည့်နှစ်ဖက် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ဆက်လက်တက်လှမ်းဖို့ ‘ဝ’  ပြည်နယ်အနေဖြင့် စွဲကိုင်ထိန်း သိမ်းထားပါသည်’’ဟု ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က တင်ပြမည့်သဘောထားစာတမ်းတွင် ဖော်ပြထားသည်။

‘ဝ’အဖွဲ့သည် မူလက အဆိုပါ သဘောထားစာတမ်းကို အစည်းအဝေး ဒုတိယနေ့မွန်းလွဲပိုင်း အစီအစဉ်တွင် တင်ပြရန် စီစဉ် ထားခြင်းဖြစ်သည်။ သို့ရာတွင် ‘ဝ’အဖွဲ့သည် အ စည်းအဝေး ဒုတိယနေ့၌ ဝင်ခွင့်ကတ်ကိစ္စ နားလည်မှုလွဲမှားမှု ကြောင့် အစည်းအဝေးတက် ရောက်ခြင်းမရှိဘဲ လားရှိုးမြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး သ ဘောထားစာတမ်းတင်ပြခဲ့ခြင်း မရှိခဲ့ပေ။
သို့သော်ယင်းသဘောထားစာတမ်းကိုမူ ညီလာခံကျင်းပရေးပူးတွဲ ကော်မတီထံပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
UWSP သည် တရုတ်နယ်စပ် ပန်ဆန်းမြို့တွင် ဗဟိုဌာနချုပ် တည်ရှိပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များထဲ၌ အင်အား အကြီးမားဆုံးဖြစ်သည်။ UWSP သည် တပ်မတော်အစိုးရလက် ထက် ၁၉၈၉ ၌ အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးထားပြီး သမ္မတဟောင်း ဦးသိန်းစိန်လက် ထက် ၂၀၁၂ တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ထပ်မံချုပ်ဆိုခဲ့ သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်(NC A)ကို လက်မှတ်ရေးထိုးရန်ကိုမူယခင်စာချုပ်များရှိပြီး တိုက်ပွဲများ မဖြစ်ပွား၍ မလိုအပ်ဟုဆိုကာ ရေးထိုးခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် UWSP မှာ ယခင်အစိုးရနှင့်ဆက် ဆံရေးကောင်းမွန်သည့် အဖွဲ့ဖြစ် သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA အပေါ်အခြေခံ၍ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် NCA တွင် အားလုံးပါဝင်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ပြောကြားထားသည်။
အစိုးရသစ်လက်ထက်တွင် UWSP ခေါင်းဆောင်များသည် နေ ပြည်တော်သို့ ပြီးခဲ့သည့်လအ တွင်း လာရောက်၍ ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည်။
အစိုးရသစ်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကြိုဆိုပြီး ပူးပေါင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ‘ဝ’အဖွဲ့ခေါင်းဆောင် များက ထုတ်ဖော်ပြောသည်။

No comments: