ဗန်းမော် စက်တင်ဘာ ၂၄
ကချင်ပြည်နယ် ဗန်းမော်နည်းပညာ တက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား တစ်ဦးအား ညအချိန် ကျောင်းရှေ့ ဘော်ဒါဆောင်၌ ဓားထိုးခံရ၍ ဒဏ်ရာ ရရှိပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။
နည်းပညာတက္ကသိုလ် စက်မှု အင်ဂျင်နီယာဌာနသရုပ်ပြ ဦးစည်သူ အောင် (၃ဝနှစ်)သည် ကျောင်းဝင်း အတွင်းရှိ ဆရာဆောင်တွင်ရှိနေစဉ် စက်တင်ဘာ ၂၃ ရက် ည ၁ဝ နာရီ မိနစ် ၅ဝ က ကျောင်းရှေ့မီဒီယာဆောင်ဘက်မှ ဆူညံသံကြားရ၍ သွားရောက်ကြည့်ရှု ရာ နည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ် ကျောင်းသား သန့်ဇင်ဝင်း(၂၂နှစ်) ဒေါင့်ကြီးကျေးရွာ ကသာမြို့နယ် စစ်ကိုင်း တိုင်းဒေသကြီးနေသူအား ဂီတာငှားသော ကိစ္စနှင့်ပတ်သက်၍ စကားများရာမှ နည်းပညာတက္ကသိုလ် ပထမနှစ် ကျောင်းသား မောရှယ်က ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားကြောင်း၊ သန့်ဇင်ဝင်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပထမနှစ် ကျောင်းသား ဘိုဘိုနေဝင်းက ပြောသည်။
ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ရာသန့်ဇင်ဝင်း၏ ယာဘက်ရင်အုံအောက် တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသဖြင့် ဥပဒေအရ အရေးယူ ပေးပါရန် တရားလိုပြုလုပ်တိုင်တန်းရာ ဗန်းမော်မြို့မရဲစခန်းက စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆီမီးခုံ-နန်းရီ
MOI Webportal Myanmar

No comments:
Post a Comment