Wednesday, September 14, 2016

ဘာကြောင့်လဲ

တယ်လီနော်က သူငယ်ချင်း တစ်ယောက် နဲ့ ဖုန်းဆက်တော့  ဖားကန့်မှာ မင်းတို့ အော်ပရေတာက ဘာလို့ ခုထိမရသေးတာလဲဆိုတော့ “ အစိုးရ ကရော ၊KIA ကရော ခွင့်မပြုပါဘူး ” တဲ့  ။

ကချင်ပြည်နယ်က   မြန်မာစစ်တပ် နဲ့ KIA အကြောင်းကို ကချင်ပြည်နယ် မှာနေတဲ့လူတွေ အသိဆုံးမို့ ပြောတော့ပါဘူး ။

   လူကြီးမင်းများ စေတနာဟာ ပြည်သူအပေါ်မှာ ကြာလေလေ  ခါးလေလေ ဆိုတာ ရုပ်လုံးပေါ်နေတာတော့  ကြာပါပြီ ။

   တစ်ချိန်က ဖားကန့် ရဲ့  သြဇာရှိတဲ့ ဘုရင်မကြီးစာရင်းထဲမှာပါခဲ့တဲ့ အန်တီကြီးတစ်ယောက်နဲ့ ခဏတွေ့တုန်းပြောသွားတဲ့ စကားလေးကို သတိရမိတယ် ။

“ သားရယ် နှစ်ဘက်လုံးက လက်အောက် ငယ်သားလေးတွေကို သနားပါတယ် ။သူတို့လေးတွေက လူတစ်စုအာဏာမြဲဘို့ ဘုမသိ ဘမသိ ၊ ရန်လည်းမဖြစ် ပဲ တစ်ယောက်နဲ့ တစ်ယောက် ညီကို အချင်းချင်း  ပစ်သတ်နေကြရတယ်ကွယ် ။ သူတို့အချင်းချင်း အဲလိုလူသတ်ပွဲဆင်နွှဲနေချိန်မှာ စရဖ နဲ့ KIA ကတော့ ဆိုင်းတောင် က တရားမဝင် ငါမန်းဂိမ်းဆိုင် တစ်ခုမှာ ဘီယာအတူထိုင်သောက်ကြတယ် ”  ။

ငြိမ်းချမ်းရေး ဂျိုးဖြူငှက်ကို ဘယ်သူတွေ ကင်စားကြမလဲ ဆိုတာ စောင့်ကြည့်ကြယုံပါပဲ ...

ဇော်မိုးထက်

No comments: