Thursday, September 22, 2016

မိုက်ရိုင်းသော သားအား ဖခင်မှ ရဲဒင်းဖြင့် ဦးခေါင်းငယ်ထိပ်ကို ထုသတ်

 

ဓါတ်ပုံ - ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဘားအံ - စက်တင်ဘာ ၂၁

၂၀၁၆ စက် ၂၁ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ တ၀န်သံကျေးရွာနေ စိန်ဝင်း(ခ) ကျော်ရှောက်အွာ၊ ၃၆ နှစ်၊ (ဘ)ဦးဘမြင့် သည် အရက်သောက်စားမူးယစ်ပြီး နေအိမ်သို့ ရောက်လာစဉ် တူမဖြစ်သူ နော်ရှစ်မိ၊ (၄)နှစ်နှင့် ဖခင်ဖြစ်သူ ဦးဘမြင့် တို့ကို အော်ဟစ် ဆဲဆိုကာ ပါလာသော တုတ်ဖြင့် ဖခင်ဖြစ်သူကို ရိုက်နှက်ကြောင်း သိရှိရပါသည်။

(21-9-2016)​နေ့ ည၈နာရီ ဝန်းကျင်​ခန့်​တွင်​ ​တောင်​က​​လေး ဘုန်းကြီး​ကျောင်း​ဘေးလမ်း ​တောင်ဝိုင်းသွားသည့်​လမ်းနားတွင်​ ဖခင်​ဖြစ်​သူ က သားဖြစ်​သူအား ပုဆိန်​ဖြင့်​ ခုတ်သတ်​သွားသည်​ကို သက်​ဆိုင်​ရာ တာဝန်​ရှိသူများ က ဖုန်းဆက်​အ​ကြောင်းကြားလာသဖြင်​ သေဆုံးသွား​သော Dead Bodyကို မာဃလူမှုကူညီရေးအသင်းမှ အခင်းဖြစ်ရာေ​​နရာသို့ သွား​ရောက်​သယ်​​ဆောင်​ပြီး ဘားအံပြည်​သူ့​ဆေးရုံကြီး ရင်​ခွဲရုံသို့ ကူညီပို့​ဆောင်​​ပေးခဲ့သည်​။ သတင်း - ဓါတ်​ပုံ ။ ။ Marga Society Hpa-anရိုက်နှက်ခံရသူ ဖခင် ဦးဘမြင့်မှ မိုက်ရိုင်းသောသားဖြစ်သူအား ရဲဒင်းဖြင့် ခုတ်လိုက်ရာ စိန်ဝင်း(ခ) ကျော်ရှောက်အွာ ဦးခေါင်းငယ်ထိပ် တည့်တည့်တွင် ပြတ်ရှဒါဏ်ရာဖြင့် စိန်ဝင်း(ခ) ကျော်ရှောက်အွာမှာ သေဆုံး သွား၍ ဦးဘမြင့်အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့

No comments: